Home စီးပွားရေး မြန်မာလုပ်သား ၁၆၀၀ ကျော် အလုပ်ထုတ်ခံရ၊ နစ်နာကြေးရသော်လည်း အစုလိုက်အပြုံလိုက်အလုပ်လက်မဲ့ဖြစ်

မြန်မာလုပ်သား ၁၆၀၀ ကျော် အလုပ်ထုတ်ခံရ၊ နစ်နာကြေးရသော်လည်း အစုလိုက်အပြုံလိုက်အလုပ်လက်မဲ့ဖြစ်

by Homeland Author

ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်ရှိ ခယ်ကွန်း – အီလက်ထရောနစ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား (၁၆၀၀) ဦးကို စက်ရုံတာဝန်ရှိသူတွေက ဒီကနေ့ ဒီဇင်ဘာလ ၂၉ ရက် မနက်ပိုင်းက အလုပ်ထုတ်လိုက်တယ်လို့ ထိုင်းရောက်မြန်မာတွေကို ကူညီပေးနေသူတွေထံကနေ သိရပါတယ်။

တစုံတရာ ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံရတာကြောင့် မြန်မာအလုပ်သမား ၁၆၀၀ ကျော်ဟာ ရုတ်တရက် အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။

အလုပ်ထုတ်ခံရသူတွေကို စက်ရုံဘက်က နစ်နာကြေးပေးခဲ့ပေမယ့် လုပ်သက်နည်းသူတွေအဖို့တော့ လျော်ကြေးနည်းတာကြောင့် အခက်တွေ့ကြတယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေအရ တစ်နှစ်နဲ့ သုံးနှစ်ကြား လုပ်သက်ရှိသူ အလုပ်သမားတစ်ဦးလျှင် လျော်ကြေးငွေဘတ် ၅၄,၀၀၀နဲ့ လုပ်သက်တစ်နှစ်အောက် အလုပ်သမားတစ်ဦးလျှင် လျော်ကြေးငွေ ဘတ်၂၇,၀၀၀ အသီးသီး ရရှိခဲ့တယ်လို့သိရပါတယ်။ စက်ရုံဘက်ကတော့ ကုန်စည်အမှာစာတွေနည်းတာကြောင့် ဝန်ထမ်းအင်အားလျှော့ချတာလို့ဆိုပါတယ်။

ဒီစက်ရုံဟာ ကုန်စည်အော်ဒါအမှာရရှိမှုပေါ်မူတည်ပြီး အလုပ်သမားခေါ်တာ၊ထုတ်ပယ်တာတွေ မကြာမကြာ လုပ်တတ်တယ်လို့ ထိုင်းရောက်မြန်မာတွေကပြောပါတယ်။ အဲ့ဒီစက်ရုံဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း မြန်မာလုပ်သား ၁၅၀၀ ခန့်ကို အလုပ်က ထုတ်ခဲ့ပါသေးတယ်။

related posts

Leave a Comment