ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ထိန်းချုပ်နယ်မြေ အတွင်းရှိ KTV အားလုံး အခုနိုဝင်ဘာလကုန်မှစပြီး လုံးဝပိတ်ရမယ်လို့ SSPP က မနေ့က နိုဝင်ဘာ ၂၆ ရက်မှာ အမိန့်ထုတ်ပြန်ပါတယ်။
KTV ဖွင့်လှစ်တာကြောင့် လူမှုစာရိတ္တ ပျက်ပြားတာ၊ အပျော်လွန်ပြီး အကျင့်ပျက်ကာ မူးယစ်ဆေးဝါးတွေ သုံးစွဲတာ၊ အလုပ်အကိုင်ပျက်တာ စတဲ့ ဆိုးကျိုးတွေကြောင့် ပိတ်ပင်ရတာလို့ ဆိုပါတယ်။
ဒါကြောင့် မိမိတို့ ထိန်းချုပ်နယ်််မြေရှိ KTV တွေအနေနဲ့ ထုတ်ပြန်တဲ့အမိန့်ကို မလိုက်နာပါက ဆိုင်တွေကို အရေးယူချိပ်ပိတ်သွားမယ်လို့ SSPP ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဟာ သျှမ်းပြည်မြောက်ပိုင်း ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းမှာ ဌာနချုပ်ထားရှိပြီး မိုင်းရှူး၊ ကျေးသီး၊ ကျောက်မဲ၊ သီပေါ၊ မိုင်းရယ်၊ တန့်ယန်း၊ နမ္မတူ၊ နမ့်ခမ်း ၊ မိုးမောက် ၊ ပင်လုံ နဲ့ ရပ်စောက်မြို့နယ်တို့မှာ လှုပ်ရှားလျက်ရှိနေတယ်လို့ သိရပါတယ်။