မိုးကောင်းမြိုနယ်၊ တောင်နီကျေးရွာမှ ဒေသခံတောင်သူတွေကို ရှမ်းနီအမျိုးသားများတပ်မတော် – SNA တပ်မဟာ ၅၆၅ မှ စစ်သည်အင်အား ၅၀ ဦးခန့်ဟာ မနေ့က နိုဝင်ဘာ ၂၅ ရက်နေ့မှာ စပါးရိတ်ကူခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံရေးပဋိပက္ခတွေကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ လျော့နည်းလာသလို အလုပ်သမားလိုအပ်ချက်တွေ အများအပြား ရှိလာတဲ့အတွက် အခုလို တောင်သူတွေကို ကူညီပေးတာလို့ ဆိုပါတယ်။
မိုးကောင်းမြို့နယ်အတွင်းက ဒေသခံပြည်သူတို့အနေနဲ့ အကူအညီတောင်းခံခဲ့ရင် ကူညီသွားမှာဖြစ်ပြီး အခုလကုန်ပိုင်းအထိ စပါးရိတ်သိမ်းကူဖို့ အကူအညီတောင်းခံသူတွေ ရှိနေတယ်လို့ သိရပါတယ်။
အလားတူ ရှမ်းနီအမျိုးသားများတပ်မတော် – SNA ထိန်းချုပ်ဒေသတွေ ဖြစ်တဲ့ ဟုမ္မလင်းမြို့နယ်၊ ဗန်းမောက်မြို့နယ်တွေမှာလည်း တောင်သူတွေကို စပါးရိတ်သိမ်းကူညီမှုတွေ ရှိနေတယ်လို့ သိရပါတယ်။


