စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ကောယားစံပြကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာချင်းဆက်လမ်းပေါ်မှာ ဒေသခံပြည်သူတွေက ကိုယ်ထူကိုယ်ထတံတားကို မတ်လ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီအမျိုးသားတပ်မတော် (SNA)၊ တပ်မဟာ (၈၉၁) မှ မတည်ပံ့ပိုးပေးခဲ့ပြီး တံတားတည်ဆောက်ရေးအတွက် လိုအပ်သော ပျဉ်၊ တိုင် နဲ့ အခြားဆောက်လုပ်ရေးပစ္စည်းတွေကို ကောယားအုပ်စုအတွင်းရှိ …
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် အုံတိုင်းကျေးရွာ ရွှေဓမ္မရောင်ခြည်သျှမ်းကျောင်းဆရာတော် ဦးဓမ္မသာရ နဲ့ ဒကာ စိုင်းပီးတို့ကို သတ်ဖြတ်ခဲ့တဲ့ ပျားစစ်ကြောင်းရဲ့ လက်နက်တွေကို ဒေသတွင်း တာဝန်ရှိသူတွေက တာဝန်ခံ ထိန်းသိမ်းထားပေးဖို့ ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့က ဆရာတော် နဲ့ ဒကာတို့ကို ပျားစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပြီး ရက်စက်စွာ အကြမ်းဖက် …