စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ကောယားစံပြကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာချင်းဆက်လမ်းပေါ်မှာ ဒေသခံပြည်သူတွေက ကိုယ်ထူကိုယ်ထတံတားကို မတ်လ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီအမျိုးသားတပ်မတော် (SNA)၊ တပ်မဟာ (၈၉၁) မှ မတည်ပံ့ပိုးပေးခဲ့ပြီး တံတားတည်ဆောက်ရေးအတွက် လိုအပ်သော ပျဉ်၊ တိုင် နဲ့ အခြားဆောက်လုပ်ရေးပစ္စည်းတွေကို ကောယားအုပ်စုအတွင်းရှိ …
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ချင်းတိုင်းရင်းသားတွေကို စစ်သင်တန်းတက်ရောက်ဖို့ စည်းရုံးခေါ်ယူနေတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အာရက္ခတပ်တော်က အရွယ်ရောက်ပြီးတဲ့သူတိုင်း အမျိုးသမီးဆိုရင် အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း နဲ့ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ အခြေခံစစ်သင်တန်းတက်ဖို့ သတ်မှတ်ထားတာ ရှိပါတယ်။ အရင်က …