စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ကောယားစံပြကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာချင်းဆက်လမ်းပေါ်မှာ ဒေသခံပြည်သူတွေက ကိုယ်ထူကိုယ်ထတံတားကို မတ်လ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီအမျိုးသားတပ်မတော် (SNA)၊ တပ်မဟာ (၈၉၁) မှ မတည်ပံ့ပိုးပေးခဲ့ပြီး တံတားတည်ဆောက်ရေးအတွက် လိုအပ်သော ပျဉ်၊ တိုင် နဲ့ အခြားဆောက်လုပ်ရေးပစ္စည်းတွေကို ကောယားအုပ်စုအတွင်းရှိ …
ကဒူးတိုင်းရင်းသားများရိုးရာပွဲတော်သို့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် တက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်၊ မံစီကြီးဒေသစိတ်၊ အရှေ့ကုန်းကျေးရွာ ရိုးရာကွင်းအတွင်း ကျင်းပတဲ့ ကဒူးတိုင်းရင်းသားများရိုးရာပွဲတော်သို့ စစ်ကောင်စီရဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ အဆိုပါ ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ကဒူးတိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒေသခံ တိုင်းရင်းသားတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည် တော်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။