လာမယ့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ ကျရောက်မယ့် (၄၉၉) နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နမ့်တောမြို့၊ သက္ကယ်တောင်ကျေးရွာမှာ ရှမ်းနီအမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီ၊ ရှမ်းနီအမျိုးသားများပြည်နယ်မှ ဦးဆောင် ကျင်းပသွားမယ်လို့ သိရပါတယ်။ မတ်လ ၁၃ ရက် မနက် …
ဟုမ္မလင်း သောင်သွပ်စံပြကျေးရွာရှိ ရှမ်းစော်ဘွား တည်ထားခဲ့တဲ့ သမိုင်းဝင်သိမ်တော် လေပြင်းတိုက်၍ ပြိုကျ
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ် သောင်သွပ်စံပြကျေးရွာရှိ ရှမ်းစော်ဘွားတည်ထားကိုးကွယ်ခဲ့တဲ့ သမိုင်းဝင်အမွေအနှစ် သိမ်တော်ကြီး လေပြင်း တိုက်၍ မေလ ၉ရက်နေ့က ပြိုကျပျက်စီးသွားပြီလို့ သိရပါတယ်။ ရှမ်းစော်ဘွားကြီး စဝ်နေခမ်းတည်ထားကိုးကွယ်ခဲ့တဲ့ သမိုင်းဝင်အမွေအနှစ် သိမ်တော်ဟာ မြန်မာသက္ကရာဇ် ၁၂၅၁ ခုနှစ်က တည်ထားခဲ့တာပြီး နှစ်ပေါင်း ၁၃၀ ကျော်အကြာမှာ ပြိုကျပျက်စီးသွားတာပဲဖြစ်ပါတယ်။ သောင်သွပ်စံပြကျေးရွာမှာ ရှမ်းစော်ဘွားတွေ တည်ထားခဲ့တဲ့ သမိုင်းဝင်အမွေအနှစ်တွေများစွာ ရှိခဲ့ပေမယ့် …