တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားမှာ တအာင်းတပ် (TNLA) က လေယာဥ်ပစ် သေနတ်၊ သံချပ်ကာကား၊ ဟောင်ဝစ်ဇာလက်နက်ကြီးတွေအပါအဝင် စစ်အင်အားအများအပြားကို ထုတ်ပြခဲ့ပါတယ်။ မနေ့က ဇန်နဝါရီလ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ (၆၃) နှစ်ပြည့်အခမ်းအနားကို မန်တုံမြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး TNLA မှ စစ်အင်အား ၁၅၀၀ ကျော်နဲ့ …
ကဒူးတိုင်းရင်းသားများရိုးရာပွဲတော်သို့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် တက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်၊ မံစီကြီးဒေသစိတ်၊ အရှေ့ကုန်းကျေးရွာ ရိုးရာကွင်းအတွင်း ကျင်းပတဲ့ ကဒူးတိုင်းရင်းသားများရိုးရာပွဲတော်သို့ စစ်ကောင်စီရဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ အဆိုပါ ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ကဒူးတိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒေသခံ တိုင်းရင်းသားတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည် တော်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။