တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားမှာ တအာင်းတပ် (TNLA) က လေယာဥ်ပစ် သေနတ်၊ သံချပ်ကာကား၊ ဟောင်ဝစ်ဇာလက်နက်ကြီးတွေအပါအဝင် စစ်အင်အားအများအပြားကို ထုတ်ပြခဲ့ပါတယ်။ မနေ့က ဇန်နဝါရီလ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ (၆၃) နှစ်ပြည့်အခမ်းအနားကို မန်တုံမြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး TNLA မှ စစ်အင်အား ၁၅၀၀ ကျော်နဲ့ …
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ကျောက်စိမ်းတူးဖို့ သင်္ချိုင်းမြေကို ချဲ့ထွင်ရာ အလောင်းတွေ ထွက်ပေါ်လာတဲ့အတွက် ဒေသခံတွေအကြား ဝေဖန်မှု မြင့်တက်နေပါတယ်။ ကျောက်စိမ်းတူးဖို့ အပါအဝင် စားသောက်ဆိုင်ကြီးတွေ၊ အဆောက်အဦတွေ ချဲ့ထွင်ရာမှာ စာသင်ကျောင်းမြေ၊ ဆေးရုံမြေနဲ့ သင်္ချိုင်းမြေတို့ကို ချဲ့ထွင်လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ အမိန့်နဲ့ ကျောက်စိမ်း တူးဖော်ဖို့ သင်္ချိုင်းမြေကို ချဲ့ထွင်တာဖြစ်သလို ရပ်မိရပ်ဖတွေရဲ့ …