နောက်ဆုံး သတင်း

  • ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကျရောက်တဲ့ သျှမ်းအမျိုးသားနေ့မှသည် နောင်နှစ်ပေါင်းများစွာ ကမ္ဘာတည်သရွေ့ ငြိမ်းချမ်းစွာဖြင့် တောင်းတင်းခိုင်မာ၍ စည်းလုံးညီညွတ်တဲ့ ထာဝရသျှမ်းပြည်ကြီးအဖြစ် ရပ်တည်နိုင်ပါစေကြောင်း ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ (SNUC)၊ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။ (၇၉) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ကို မိမိတို့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က လှိုက်လဲစွာ ကြိုဆိုကြောင်း …

    0 FacebookTwitterPinterestEmail
  • သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ကမကထပြု၍ သျှမ်းပြည်အမျိုးသား ညီလာခံ (ပထမအကြိမ်) ကို ကျင်းပပြုလုပ်ခဲ့ပြီးနောက် သျှမ်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အခြေခံမူများ ဆွေးနွေးအတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်းမှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အဲဒီညီလာခံ့ကို သံဃာတော်တွေ၊ သျှမ်းပြည်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေး …

    0 FacebookTwitterPinterestEmail
  • လာမယ့် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကျရောက်မယ့် ရှမ်းအမျိုးသားနေ့ အခမ်းအနားကျင်းပနိုင်ဖို့ ဟုမ္မလင်းမြို့နယ်အတွင်းက ရှမ်းနီလူငယ်တွေဟာ ကြိုတင်ပြင်နေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ (၇၉) နှစ်မြောက် ရှမ်းအမျိုးသားနေ့ အထိမ်းအမှတ်ပွဲတော်ကို ဟုမ္မလင်းဒီဂရီကောလိပ်မှာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဟုမ္မလင်းဒီဂရီကောလိပ်မှ ရှမ်းနီတိုင်းရင်းသား အနာဂတ်လူငယ်ခေါင်းဆောင် ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ လူငယ်တွေဟာ ကြိုးစားလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ နိုင်ငံရေးအကျပ်အတည်းကာလမှာ မိမိတို့ရဲ့ အမျိုးသားရေးစိတ်ဓာတ်တွေ ပျောက်ကွယ်မသွားစေဘဲ …

    0 FacebookTwitterPinterestEmail
  • သျှမ်းပြည်မြောက်ပိုင်း လားရိူးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ဝမ်စယ်ကျေးရွာမှာ ‌ရွှေတူးဖော်မှုကို ကန့်ကွက်တဲ့ ‌ဒေသခံပြည်သူတွေကို ကိုးကန့်တပ် (MNDAA) မှ ဖမ်းဆီးနှိပ်စက်နေတယ်လို့ သျှမ်းကျောင်းသားများသမဂ္ဂ (TSU) မှ ဒီနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ MNDAA တပ်ဖွဲ့က ဝမ်စယ်ကျေးရွာက ဒေသခံတွေရဲ့ သဘောတူညီမှုမရှိဘဲ လယ်ယာမြေတွေပေါ်မှာ ရွှေတူးဖို့ တရုတ်လုပ်ငန်းရှင်တွေကို …

    0 FacebookTwitterPinterestEmail
  • မိုးညှင်းခရိုင်၊ အင်းတော်ကြီးမြို့ လုံးတုံကျေးရွာရှိ စစ်တပ်စခန်းကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပူးပေါင်းတပ်အဖွဲ့တို့က မနေ့က မနက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲကြောင့် မိုးညှင်း – ဖားကန့်လမ်းကို ပိတ်ထားလိုက်ကြောင်း၊ KIA ပူးပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ခရီးသွားအချို့ ထိခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဒေသခံတဦးက “မနေ့က မနက် လုံးတုံမှာရှိတဲ့ စစ်တပ်စခန်းကို KIA ဖက်က …

    0 FacebookTwitterPinterestEmail
  • ကဒူးတိုင်းရင်းသားတွေ စုပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကဒူးတိုင်းရင်းသားညီလာခံကို ကျင်းပပြီး ကဒူးအမျိုးသားဖွဲ့စည်းပုံကို အတည်ပြုနိုင်ခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။ ဒုတိယအကြိမ်မြှောက် ကဒူးတိုင်းရင်းသားညီလာခံကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉၊ ၃၀ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဲဒီ ညီလာခံကို ဗန်းမောက်အနောက်ပိုင်းရှိ ကဒူးကျေးရွာ ၁၂ ရွာ နဲ့ ကသာမြို့နယ်မှ ကဒူးကျေးရွာတွေ တက်ရောက်ခြင်း မရှိဘူးလို့ …

    0 FacebookTwitterPinterestEmail