နောက်ဆုံး သတင်း

  • ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က ကချင်ပြည်သူ့စစ် ခေါင်းဆောင်အချင်းချင်း ပစ်ခတ်သေဆုံးမှုနဲ့ ပတ်သက်၍ စစ်ဆေးအရေးယူပေးဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဇူလိုင် ၂၁ ရက် ရက်စွဲနဲ့ တိုင်ကြားထားတယ်လို့ သိရပါတယ်။ ဇူလိုင် ၈ ရက်နေ့ ညနေ့ ၄ နာရီခန့်က ဝိုင်းမော်မြို့နယ် အခြေစိုက် ကချင်ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးနော်လီ …

    0 FacebookTwitterPinterestEmail
  • ဒီနေ့ ဇူလိုင် ၂၇ ရက် ၇ နာရီ ၃၀ မိနစ် တိုင်းထွာချက်အရ နန့်ယင်းချောင်းရေဟာ မိုးညှင်းမြို့မှာ စိုးရိမ်ရေမှတ်အောက် ၃ ပေခွဲကျော်မှာ ရောက်ရှိနေပြီး အဆိုပါ မြစ်ရေဟာ ၁ ရက်အတွင်း မိုးညှင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဒါကြောင့် မိုးညှင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေဖြင့် ကြိုတင်သတိပြုနိုင်ဖို့နဲ့ …

    0 FacebookTwitterPinterestEmail
  • ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ စခန်းကုန်းတစ်ခုကို ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့၊ မဟာမိတ် လီဆူတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဝါရာဇွပ်ပြည်သူ့စစ်က ဇူလိုင် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။ တနိုင်းမြို့နယ်ရှိ KIA ရင်း (၂၀) အူလွယ်ဘိုင်ဘန်စခန်းကုန်းကို ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့၊ မဟာမိတ်လီဆူတပ်၊ စစ်တပ်စစ်ကြောင်းတွေ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။ KIA ကာကင်းကုန်း၊ ရန်သူအလောင်းနဲ့ ရန်သူအရှင် ၁ …

    0 FacebookTwitterPinterestEmail
  • စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့ပေါ်ရှိ စာသင်ကျောင်းတွေမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ကျောင်းသုံးဗလာစာအုပ်နဲ့ စာရေးကိရိယာတွေ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ ဗန်းမောက်မြို့ပေါ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ SNA ရဲ့ စဝ့်ဆမ်တာစစ်ကြောင်းမှ တာဝန်ရှိ စစ်ကြောင်းမှူးနဲ့ အရာရှိတွေ၊ တပ်သားတွေက ပညာရေးအတွက် စာအုပ်၊ ခဲတံ၊ ဘောပင်တွေ ထောက်ပံ့ခဲ့သလို ဆရာ/ဆရာမ၊ ကျောင်းသူ/ကျောင်းသားတွေကိုလည်း အဟာရ ဒါနကျွေးမွေးကာ ကူညီလှူဒါန်းခဲ့တယ်လို့ …

    0 FacebookTwitterPinterestEmail
  • ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့က မြန်မာပြည်ကို မဟာဗျူဟာအရ အသုံးချနေတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းကြား ပြောဆိုမှုတွေ ရှိနေပါတယ်။ မဟာအင်အားကြီးနိုင်ငံတွေအနေနဲ့ မိမိတို့ အကျိုးစီးပွားအတွက် လိုအပ်တဲ့ အခင်းအကျင်းတွေနဲ့ လုပ်ဆောင်မှာဖြစ်ကြောင်း၊ အမေရိကန်နဲ့ တရုတ်တို့က တိုက်ရိုက် မပါဝင်ဘဲ တနည်းနည်းနဲ့ ပါဝင်ပတ်သက်နေတယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောပါတယ်။ “ဒီနိုင်ငံကို …

    1 FacebookTwitterPinterestEmail
  • စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ် ဟုမ္မလင်းမြို့ကုတင် ၁၀၀ ဆံ့ ပြည်သူဆေးရုံမှာ ပါရဂူဆရာဝန်ကြီးတွေမှ မျက်စိဝေဒနာရှင်တွေအတွက် ဒီကနေ့ ဇူလိုင် ၂၆ ရက်မှာ စ၍ အခမဲ့ ကုသပေးနေတယ်လို့ သိရပါတယ်။ ဒေသတွင်းရှိ မျက်စိဝေဒနာရှင်တွေအတွက် သဲဖြူဆရာတော်ဘုရားကြီး ဦးဆောင်မှုဖြင့် ဟုမ္မလင်းမြို့ သာသနာ့ဇောတိကမြို့မကျောင်း ဆရာတော်ဘုရားကြီးမှ ကြီးကြပ်ကွပ်ကဲ၍ ပါရဂူဆရာဝန်ကြီးတွေမှ လာရောက် ကုသပေးမှာဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံက …

    0 FacebookTwitterPinterestEmail