နောက်ဆုံး သတင်း

  • မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသမှာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ထိန်းချုပ်ထားတဲ့ မိုင်းနောင်၊ မမုန်ကိုင်ကျေးရွာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်တာကြောင့် နှစ်ဖက်တိုက်ပွဲ ဆက်ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က ဩဂုတ် ၁၆ ရက် မနက်ပိုင်းမှ စတင်၍ KIA က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်ပြီး ဒီနေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ …

    0 FacebookTwitterPinterestEmail
  • ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တည်ထောင်ခဲ့ခြင်း ၅၄ နှစ်ပြည့် အခမ်းအနားကို ဒီနေ့ သြဂုတ်လ ၁၆ ရက်နေ့မှာ SSPP ရဲ့ ဗဟို ဌာန ချုပ်ရှိ ပါတီကျောက်တိုင်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကို SSPP နာယက (၁) ဗိုလ်ချုပ်ကြီးစေထင် ဦးဆောင်တဲ့ ဗဟိုကော်မတီဝင်တွေ၊ ဗဟို ဌာနချုပ်မှ ဌာနဆိုင်ရာတွေ၊ ဗဟိုဌာနချုပ် …

    0 FacebookTwitterPinterestEmail
  • ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ထိန်းချုပ်ထားတဲ့ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တို့ လာရောက်တိုက်ခိုက်တာကြောင့် ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးက “ဒီနေ့ မနက်ပဲ မိုင်းနောင် သုသာန်ဖက်မှာ ပြန်ဖြစ်နေကြပြီ။ KIA ဖက်က လာတိုက်တာလို့ ကြားတယ််” လို့ ပြောပါတယ်။ အလားတူ SNA …

    0 FacebookTwitterPinterestEmail
  • နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) နဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ရှီချီဆူ/ဗွီးဗာ (NSCN-IM) တို့ ပူးပေါင်းပြီး ဩဂုတ် ၁၄ ရက်မှာ ကျရောက်တဲ့ နာဂလွတ်လပ်ရေးနေ့ အခမ်းအနားကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ နာဂလက်နက်ကိုင်တပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံအတွင်းရှိ စစ်ကိုင်းတိုင်းဒေသကြီး နဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အခြေစိုက်ကာ ၁၉၈၀ ခုနှစ်မှာ စတင်ဖွဲ့စည်း လှုပ်ရှားခဲ့ပါတယ်။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN – …

    0 FacebookTwitterPinterestEmail
  • သတင်းလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတဲ့ သတင်းသမားတွေအတွက် မီဒီယာလုံခြုံရေးနဲ့ အကာအကွယ်ပေးရေး အစီအစဉ်တစ်ရပ်ကို လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဒီနေ့ ဩဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက် မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးချိန်မှ စတင်ပြီး စစ်အုပ်ချုပ်ရေး အောက်မှာ ဖိနှိပ်မှုမျိုးစုံ နဲ့ မြန်မာပြည်သူတွေ …

    0 FacebookTwitterPinterestEmail
  • သျှမ်းပြည်မြောက်ပိုင်း သိန္နီမြိို့မှာ ဖမ်းဆီးရမိတဲ့ ကျားဖြန့် ၂၃ ဦးကို “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA/UWSP) ထံ ကိုးကန့်တပ်ဖွဲ့ (MNDAA) က လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ MNDAA ထိန်းချုပ်ထားတဲ့ သိန္ဒီမြို့နယ်အတွင်း ဖမ်းဆီးရမိသူတွေကို ဩဂုတ် ၁၂ ရက်နေ့က ဟိုပန်မြို့ – ဖောင်ဆိပ်ဂိတ်ကတဆင့် UWSA ထံ လွှဲပြောင်းပေးခဲ့တာလို့ သိရပါတယ်။ အဆိုပါ ဖမ်းဆီးရမိတဲ့ …

    0 FacebookTwitterPinterestEmail