တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားမှာ တအာင်းတပ် (TNLA) က လေယာဥ်ပစ် သေနတ်၊ သံချပ်ကာကား၊ ဟောင်ဝစ်ဇာလက်နက်ကြီးတွေအပါအဝင် စစ်အင်အားအများအပြားကို ထုတ်ပြခဲ့ပါတယ်။ မနေ့က ဇန်နဝါရီလ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ (၆၃) နှစ်ပြည့်အခမ်းအနားကို မန်တုံမြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး TNLA မှ စစ်အင်အား ၁၅၀၀ ကျော်နဲ့ …
ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဟာ အခက်အခဲကြားမှ စစ်အုပ်စုက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ပြီး ပြည်သူ့အကျိုးပြု ထမ်းပိုးဆောင်ရွက်နိုင်ရေးအတွက် ဦးတည်တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။ မိမိတို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဟာ ပြည်ထောင်စုမြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တိုင်းမှာ အစဉ်အမြဲပါဝင်လျက်ရှိတဲ့ ပါတီဖြစ်တယ်လို့ ဆိုပါတယ်။ ပါတီဖွဲ့စည်းစဉ်ကစ၍ ပါတီရဲ့ …