နောက်ဆုံး သတင်း

  • စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့မှာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ PDF နဲ့ ကတူးအာမီတို့ရဲ့ မြို့သိမ်းတိုက်ပွဲကြောင့် မြို့တွင်းပျက်စီးမှုမှာ ၈၀ ရာခိုင်နှုန်းရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။ အဆောက်အဦအချို့မှာ ပျက်စီးမှု ပြင်းထန်စွာ ဖြစ်ပွားထားတာကို တွေ့ရပြီး ဆိုင်ခန်းအချို့ရဲ့ တံခါးတွေပေါ်မှာ “HPDF တပ်ရင်း နမ့်တော” ဟု အနီရောင်ဖြင့် ရေးသားထားတာတွ တွေ့ရှိရသလို အဆောက်အဦအတွင်းပိုင်းတွေမှာလည်း ပစ္စည်းတွေ …

    0 FacebookTwitterPinterestEmail
  • ဒေသခံအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ဆိုပြီး စစ်ကိုင်းတိုင်း‌ဒေသကြီး တမူးမြို့နယ်အတွင်းက PDF တွေကို အရပ်သား တွေက ဖေဖော်ဝါရီ ၁၅ ရက် နဲ့ ၁၆ ရက်တို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ တမူးမြို့နယ်အတွင်းက မင်းသမီးကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ ရွာသာကျေးရွာ၊ ဘုက္ကန်ကျေးရွာ စတဲ့ကျေးရွာတွေက ပါဝင်ခဲ့ကြပြီး အဲ့ဒီရွာတွေက ဒေသခံအမျိုးသားတွေဟာ PDF တွေရဲ့ ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပါတယ်။ ဒါကြောင့် သူတို့ရဲ့ …

    0 FacebookTwitterPinterestEmail
  • တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကယား (ကရင်နီ) ပြည်နယ် ဖားဆောင်းမြို့ကို ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြန်လည်တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့ကို စစ်တပ်က “ရန်နိုင်မင်း” စစ်ဆင်ရေးအမည်ဖြင့် ပြန်လည်ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်တပ် …

    0 FacebookTwitterPinterestEmail
  • ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖမ်းဆီးထားတဲ့ ဝမ်စယ်ပြည်သူ ၅ ဦးကို ချက်ချင်းလွှတ်ပေးဖို့ သျှမ်းအရပ်ဖက်အဖွဲ့အစည်း (၁၁) ဖွဲ့က ထပ်မံတောင်းဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ MNDAA တပ်ဖွဲ့က ဝမ်စယ်ကျေးရွာက ဒေသခံတွေရဲ့ သဘောတူညီမှုမရှိဘဲ လယ်ယာမြေတွေပေါ်မှာ ရွှေတူးဖို့ တရုတ်လုပ်ငန်းရှင်တွေကို ခေါ်လာတာကြောင့် ဒေသခံတွေက MNDAA တပ်ဖွဲ့ကို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် …

    0 FacebookTwitterPinterestEmail
  • စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့အနီးရှိ စစ်ရေးအရ အရေးပါတဲ့ စခန်းကုန်းတွေကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့ တပ်က ဆက်လက်သိမ်းပိုက်နေတယ်လို့ သိရပါတယ်။ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ PDF နဲ့ ကတူးအာမီတို့ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့အနီးရှိ ကျုံးတောင် သို့မဟုတ် ကျွန်းတောင်စခန်းကုန်း နဲ့ မြစ်သေးချင်းဖက်က စခန်းကုန်းတွေကို မနေ့က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ …

    0 FacebookTwitterPinterestEmail
  • ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဖွင့်လှစ်သင်ကြားလျက်ရှိတဲ့ Political Science School (P.S.S) အပတ်စဉ် (၃) ကို တက်ရောက်လိုတဲ့ ရဲဘော်/ရဲမေတွေ လျှောက်ထားနိုင်တယ်လို့ ပြောပါတယ်။ အဆိုပါ နိုင်ငံရေးသိပ္ပံကျောင်းကို စိတ်ပါဝင်စားတဲ့ အသက် (၁၈) နှစ်မှ (၂၈) နှစ်အရွယ်အတွင်းရှိ ရဲဘော်/ရဲမေတွေအနေနဲ့ အခု ဖေဖော်ဝါရီလကုန်အထိ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးသိပ္ပံကျောင်းကို လျှောက်ထားလိုသူတွေဟာ …

    0 FacebookTwitterPinterestEmail