မိုးညှင်းခရိုင် အင်းတော်ကြီးဒေသမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အင်းတော်ကြီးဒေသလုံးဆိုင်ရာရှမ်းနီရိုးရာစာပေနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဌ စိုင်းစိန်လွင်ဦးနဲ့ ကုန်းမနရွာသားတွေဟာ ပြန်လွှတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကုန်းမနရွာ စိုင်းစိန်လွင်ဦး နေအိမ်ကို KIA တပ်ဖွဲ့တွေက ကျူးကျော်ဝင်ရောက်ပြီး စိုင်းစိန်လွင်ဦးအပါအဝင် ရွာသွားအချို့ကို KIA က …
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့ရဲ့ မဟာမိတ်အဖွဲ့ – 7 EAO Alliance မှ သက်ဆိုင်သူများအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပါ်လာစေရေး ကြိုးပမ်းနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်မှာ 7 EAO Alliance ရဲ့ ဦးဆောင်အဖွဲ့အစည်းအဝေးကို ကျင်းပခဲ့ပြီး သဘာပတိ (၁) အဖြစ် ဦးဆောင်အဖွဲ့-အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်၊ …