နောက်ဆုံး သတင်း

  • စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းက တိုက်ပွဲရှောင်တွေအတွက် ချင်းတွင်းဧရာအင်စတီကျူ (Chindwin Aya Institute ) အရပ်ဖက်အဖွဲ့အစည်းမှ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ သွားရောက်ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလက စတင်၍ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ဗန်းမောက်မြို့နယ်အတွင်းရှိ ရှမ်းနီ၊ ကတူး၊ ကနန်း၊ ဗမာစတဲ့ တိုင်းရင်းသားလူထုမှာ စစ်ဘေးလွတ်ရာသို့ ခက်ခဲစွာ တိမ်းရှောင်ခဲ့ကြရတယ်လို့ …

    0 FacebookTwitterPinterestEmail
  • မိုးကုတ်-မိုးမိတ် ပြန်ပေးလိုက်ရတဲ့အပေါ်တကယ် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ချင်ပါတယ် ရင်ထဲလှိုက်လှိုက်လှဲလှဲ နာကြင်ရတာမို့ အနူးအညွတ်တောင်းပန်ပါတယ်လို့ တအာင်းတပ် TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ဒီဇင်ဘာ ၁ ရက်မှာ သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြောလာပါတယ်။ ကျည်နဲ့ ဘတ်ဂျက်ငွေကြေး မရှိတာအပြင် တပ်ဖွဲ့ဝင်အင်အားလျော့နည်းလာလို့ မိုးကုတ်၊ မိုးမိတ်ကို အပစ်ရပ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဗိုလ်ချုပ်တားဘုန်းကျော်က “တအာင်းနိုင်ငံရေးရဲ့ ပန်းတိုင်တခုဟာ …

    0 FacebookTwitterPinterestEmail
  • မိုးညှင်းခရိုင်၊ ဘီလူးမြို့မှာ ရှမ်းနီတိုင်းရင်းသားတို့ရဲ့ အထွတ်အမြတ်ထားရာ (၆) ကြိမ်မြောက် ရှမ်းနီရိုးရာ ကောက်သစ်စားပွဲတော် အခမ်းအနားကို မနေ့က နိုဝင်ဘာ ၂၉ ရက်နေ့မှာ စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေတယ်လို့ သိရပါတယ်။ ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ် နှစ်သစ်ကူးအထိန်းအမှတ် နဲ့ ရှမ်းနီရိုးရာကောက်သစ်စားပွဲတော်ကို နိုဝင်ဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ၂ …

    0 FacebookTwitterPinterestEmail
  • ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) နဲ့ တရုတ်ကုမ္ပဏီတွေ ၂၀၂၅ ခုနှစ် ကိုးလအတွင်း တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှု အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ရှိခဲ့တယ်လို့ ISP Myanmar က ဖော်ပြပါတယ်။ ကမ္ဘာ့မြေရှားတူးဖော်မှုမှာ မြန်မာနိုင်ငံက အဓိကပါဝင်သူအဖြစ် ဆက်ရှိနေပြီး၂၀၂၄ ခုနှစ် စာရင်းများအရ ကမ္ဘာ့မြေရှားထုတ်လုပ်မှုမှာ တရုတ်နိုင်ငံက ၆၁ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး …

    0 FacebookTwitterPinterestEmail
  • ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ထိန်းချုပ်နယ်မြေ အတွင်းရှိ KTV အားလုံး အခုနိုဝင်ဘာလကုန်မှစပြီး လုံးဝပိတ်ရမယ်လို့ SSPP က မနေ့က နိုဝင်ဘာ ၂၆ ရက်မှာ အမိန့်ထုတ်ပြန်ပါတယ်။ KTV ဖွင့်လှစ်တာကြောင့် လူမှုစာရိတ္တ ပျက်ပြားတာ၊ အပျော်လွန်ပြီး အကျင့်ပျက်ကာ မူးယစ်ဆေးဝါးတွေ သုံးစွဲတာ၊ အလုပ်အကိုင်ပျက်တာ စတဲ့ ဆိုးကျိုးတွေကြောင့် ပိတ်ပင်ရတာလို့ ဆိုပါတယ်။ ဒါကြောင့် မိမိတို့ …

    0 FacebookTwitterPinterestEmail
  • မိုးကောင်းမြိုနယ်၊ တောင်နီကျေးရွာမှ ဒေသခံတောင်သူတွေကို ရှမ်းနီအမျိုးသားများတပ်မတော် – SNA တပ်မဟာ ၅၆၅ မှ စစ်သည်အင်အား ၅၀ ဦးခန့်ဟာ မနေ့က နိုဝင်ဘာ ၂၅ ရက်နေ့မှာ စပါးရိတ်ကူခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရေးပဋိပက္ခတွေကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ လျော့နည်းလာသလို အလုပ်သမားလိုအပ်ချက်တွေ အများအပြား ရှိလာတဲ့အတွက် အခုလို တောင်သူတွေကို ကူညီပေးတာလို့ ဆိုပါတယ်။ မိုးကောင်းမြို့နယ်အတွင်းက …

    0 FacebookTwitterPinterestEmail