သတင်းဓါတ်ပုံ
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ် အောက်တောင်ပေါ်ကျေးရွာ နမ့်တော – အောက်တောင်ပေါ် နမ့်ရုန်ချောင်းကူးတံတား ဖွင့်ပွဲကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ဦးစီးဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မတ်လ ၃၀ ရက် မနက် ၉ နာရီမှာ ကျင်းပတဲ့ အဆိုပါ နမ့်ရုန်တံတားဖွင့်ပွဲကို SNA က လုံခြုံရေးပေးပြီး နမ့်တောမြို့ နဲ့ အောက်တောင်ပေါ် ဒေသခံ တာဝန်ရှိ ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
နမ့်ရုန်တံတားဟာ မိုင်းကိုင်း၊ နမ့်တောမြို့ နဲ့ အောက်တောင်ပေါ်၊ အထက်တောင်ပေါ်၊ ကြို့ပင် စတဲ့ကျေးရွာကို ဆက်သွယ်ထားတဲ့ တံတားဖြစ်ပြီး အရှည် ပေ ၆၀ အကျယ် ၂၄ ပေရှိတဲ့ ကွန်ဂရစ်တံတား ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ နမ့်ရုန်ချောင်းကူးတံတားကို ဒေသခံပြည်သူတွေ နဲ့ ဒေသအာဏာပိုင်တွေ ပူးပေါင်း တည်ဆောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


