Home » ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်း

ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်း

by Homeland Author

နိုင်ငံတော်သမ္မတအဖြစ် ဦးမင်းအောင်လှိုင် တာဝန်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂ဝဝ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ ပြည်ထောင်စုအစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးမှ ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ဒီနေ့ ဧပြီ ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့သစ်မှာ နိုင်ငံတော်သမ္မတအဖြစ် ဦးမင်းအောင်လှိုင်၊ ဒု-သမ္မတတွေအဖြစ် ဦးညိုစောနဲ့ ဒေါ်နန်းနီနီအေးတို့က တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတရုံးရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးခင်မောင်ရီ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးတင်အောင်စန်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမြထွန်းဦး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒု-ဗိုလ်ချုပ်ကြီးညွှန့်ဝင်းဆွေတို့က တာဝန်ယူသွားမယ်လို့ ဆိုပါတယ်။

related posts

Leave a Comment