နောက်ဆုံး သတင်း

  • တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားမှာ တအာင်းတပ် (TNLA) က လေယာဥ်ပစ် သေနတ်၊ သံချပ်ကာကား၊ ဟောင်ဝစ်ဇာလက်နက်ကြီးတွေအပါအဝင် စစ်အင်အားအများအပြားကို ထုတ်ပြခဲ့ပါတယ်။ မနေ့က ဇန်နဝါရီလ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ (၆၃) နှစ်ပြည့်အခမ်းအနားကို မန်တုံမြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး TNLA မှ စစ်အင်အား ၁၅၀၀ ကျော်နဲ့ စစ်ကြောင်း ၁၅ ကြောင်း ခွဲကာ စစ်ရေးပြ …

    0 FacebookTwitterPinterestEmail
  • နာဂတပ်ဖွဲ့တွေဖြစ်ကြတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) နဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA)တို့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့နယ်မှာ တပ်စွဲထားတဲ့ NSCN-K/AM အဖွဲ့ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က NSCN-K/YA က တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ဒီနေ့ ဇန်နဝါရီ …

    0 FacebookTwitterPinterestEmail
  • စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ နမ့်နန်းကျေးရွာမှာ လူသတ်မှုတခုကို ကျူးလွန်ခဲ့သူ တရားခံ ၃ ဦးကို မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) မှ ထောင်ဒဏ် ၁ နှစ်ချမှတ်၍ ၎င်းတို့အဖွဲ့ထံ ဝင်ရောက်ခိုင်းမှုကို ဒေသခံတို့က မလိုလားဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့က နမ့်နန်းဈေးတန်းမှာ စက်ပစ္စည်း အရောင်းဆိုင် စိန်စိမ်းပွင့်မှ …

    0 FacebookTwitterPinterestEmail
  • မိမိတို့ဒေသအတွင်းမှာ သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့်နဲ့ အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြတာဖြစ်တဲ့အတွက် လူမျိုးတမျိုးနဲ့တမျိုး မေတ္တာတရား နဲ့ အတူနေထိုင်သွားရမှာဖြစ်တယ်လို့ တအာင်းတပ် (TNLA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောပါတယ်။ နှစ်ပေါင်း (၇၀) နီးပါး စစ်အစိုးရအဆက်ဆက်ရဲ့ အုပ်ချုပ်ရေးယန္တယားနဲ့ လည်ပတ်ခဲ့တာဖြစ်တဲ့အတွက် မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်အောက်မှာ ကြီးပြင်လာကြတဲ့အတွက် မြေပြင်ပကတိမှာ …

    0 FacebookTwitterPinterestEmail
  • စစ်တပ်အနေနဲ့ နယ်မြေရှင်းလင်းရေးစီမံချက်တွေ အမြန်ဆုံး အဆုံးသတ်စေရေး အပါအဝင် ဒေသခံ ပြည်သူတွေ ထိခိုက်မှု မရှိစေရေး အထူးသတိထား ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ပြောပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့ညက သီပေါမြို့နယ် နမ့်စောင်ချောင်း တောတွင်းတနေရာမှာ စစ်တပ်စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးပြုလုပ်ရာမှ တရားမဝင်လုပ်ငန်းလုပ်ဆောင်နေတဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တခု (စိစစ်ဆဲ) နဲ့ အပြန်အလှန် …

    0 FacebookTwitterPinterestEmail
  • စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့နယ်မှာ နာဂတပ်ဖွဲ့တွေဖြစ်ကြတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) နဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပန်ဆောင်မြို့နယ် ခမ္မတိုင်ကျေးရွာမှာ ဒီနေ့မနက် ၅ နာရီအချိန်ခန့်က ခမ္မတိုင်ဘုရားကျောင်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ Naga News က ဖော်ပြပါတယ်။ အဲဒီ တိုက်ပွဲအတွင်း အမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) ဖက်က …

    0 FacebookTwitterPinterestEmail