Home » လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း အမျိုးသမီး ၇၀ ဦး သေဆုံး

လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း အမျိုးသမီး ၇၀ ဦး သေဆုံး

by Homeland Author

စစ်တပ်ရဲ့လေကြောင်း နဲ့ မြေပြင်တိုက်ခိုက်မှုကြောင့် အောက်တိုဘာလအတွင်း နိုင်ငံတဝှမ်းမှာ အမျိုးသမီး ၇၀ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က မနေ့က နိုဝင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အချက်အလက်တွေအရ သေဆုံးအမျိုးသမီး ၇၀ ဦးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ၅၆ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ ၈ ဦး၊ တမရား သတ်ဖြတ်ခံရသူ ၅ ဦး၊ မြေမြုပ်မိုင်းနင်းမိမှုကြောင့် ၁ ဦး ‌သေဆုံးကြောင်း ဖော်ပြထားပါတယ်။

အဆိုပါ သေဆုံးခဲ့ရတဲ့ အမျိုးသမီး ၇၀ ဦးထဲမှာ ၁၄ ဦးဟာ အသက် ၁၈ နှစ်အောက်တွေဖြစ်ကြတယ်လို့လည်း မြန်မာ့အမျိုးသမီးသမဂ္ဂမှ ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ထူးခြား ဖြစ်စဥ် အနေဖြင့် အောက်တိုဘာ ၆ ရက်နေ့ ည ၈ နာရီ ဝန်းကျင်အချိန် မုံရွာ နဲ့ ချောင်းဦးမြို့နယ်အစပ်၊ ချောင်းဦးမြို့နယ် မြောက်ခြမ်း တစ်နေရာမှာ မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် ဆီမီးထွန်း သပိတ် ပြုလုပ်နေသူတွေကို စစ်အုပ်စုမှ ၁၂၀ မမ လက်နက်ကြီး နှစ်လုံး သုံးကာ ပါရာမော်တာနဲ့ ဗုံးကြဲခြင်းကြောင့် သေဆုံးသူ ၂၂​ ဦး ရှိ၍ ထိခိုက် ဒဏ်ရာရရှိသူ ၅၅ ဦးထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ အမျိုးသမီးမှတ်တမ်း နဲ့ သုတေသနလုပ်ငန်းစဉ်အနေဖြင့် အခုထုတ်ပြန်တဲ့ အချက်အလက်တွေဟာ တိကျခိုင်လုံတဲ့ သတင်းမီဒီယာအချက်အလက်တွေ နဲ့ မြေပြင်မှရရှိတဲ့ အချက်အလက်တွေကို စုဆောင်းမှတ်တမ်းတင်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ပဋိပက္ခကာလအတွင်း မြန်မာ့အမျိုးသမီးတွေရဲ့ ရင့်မှု နဲ့ ရှင်သန်မှုတွေဟာ တရားမျှတမှု နဲ့ တန်းတူညီမျှမှုအတွက် ထင်ဟပ်တဲ့ အသံတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်လျက်ရှိတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြောပါတယ်။

related posts

Leave a Comment