5









မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ အနားယူပြီး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တပ်ချုပ်အဖြစ် တာဝန်လွှဲပြောင်းလိုက်တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။
ဒီနေ့ မနက်ပိုင်းက နေပြည်တော် ဇေယျသီရိဗိမာန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒုတပ်ချုပ်အဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ခန့်အပ်လိုက်ပြီး တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးကို ခန့်အပ်လိုက်ပါတယ်။








