73



မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ နမ့်မွန်းမြို့မှာ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီ)က စည်းရုံးရေးသွားခဲ့တယ်လို့ သိရပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီ)ဟာ ကချင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၂ ယောက် တင်သွင်းထားကြောင်း အခုလအစောပိုင်းက Homeland News Agency ကို ပါတီ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က ပြောကြားထားပါတယ်။


