Home » AA စစ်ဦးစီးချုပ် နဲ့ မွတ်ဆလင်အသိုင်းအဝိုင်း တွေ့ဆုံ

AA စစ်ဦးစီးချုပ် နဲ့ မွတ်ဆလင်အသိုင်းအဝိုင်း တွေ့ဆုံ

by Homeland Author

အာရက္ခတပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဟာ ရခိုင်ပြည်နယ် မောင်တောက မွတ်ဆလင်အသိုင်းအဝိုင်းတွေ နဲ့ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းမှာ တွေ့ဆုံခဲ့ကြတယ်လို့ AA ရဲ့ လက်အောက်ခံမီဒီယာ တစ်ခုဖြစ်တဲ့ APM က သတင်းထုတ်ပြန်လာပါတယ်။

အဆိုပါ တွေ့ဆုံမှုအပြီး ၁၃ နှစ်ကြာ ပိတ်ထားခဲ့တဲ့ မောင်တောမြို့ မြို့မဂျာမေဗလီကြီးကို ပြန်လည်ဖွင့်ပေးဖို့ မွတ်ဆလင်တွေက ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကို တင်ပြတောင်းဆိုတာတွေကြောင့် အောက်တိုဘာ ၁၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

မောင်တောမြို့မ ဂျာမေဗလီကြီးကို ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ လူမျိုးရေး ပဋိပက္ခဖြစ်ပွားချိန်ကစပြီး အုပ်ချုပ်သူ အစိုးရ အဆက်ဆက်က ၁၃ နှစ်ကြာ ပိတ်ထားခဲ့ရာအခု ၂၀၂၅ နှစ် စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

related posts

Leave a Comment