စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့ကို ကချင်တပ်ဖွဲ့ (KIA) နဲ့ ၎င်းတို့ လက်အောက်ခံတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဟုဆိုကာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေတယ်လို့ သိရပါတယ်။
တဖက်မှာလည်း ဗန်းမောက်မြို့ကို ထိန်းချုပ်ထားတဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် (SAN) က မြို့ခံလူထုတွေကို ထွက်ခွာခွင့် မပေးဘဲ ပိတ်ပင်ထားတယ်လို့ မီဒီယာအချို့က ရေးသားလျက် ရှိပါတယ်။
အဆိုပါ ထွက်ခွာခွင့် ပိတ်ပင်တဲ့ ကိစ္စရပ်မှာလည်း မဟုတ်ကြောင်း၊ မြိုခံပြည်သူလူတို့ လွတ်လပ်စွာ သွားလာနေကြပြီး ဈေးဆိုင်များလည်း ဖွင့်နေကြောင်း ရုပ်သံအရ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ KIA နဲ့ နောက်လိုက်အဖွဲ့တွေဟာ SNA ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနောက် KIA နဲ့ နောက်လိုက်အဖွဲ့တွေ ဗန်းမောက်မြို့ပေါ်ရှိ ရပ်ကွက်တွေကို ၁၀၇ ရှော့တိုက်ဒုံး သုံးလုံးနဲ့ ပစ်ခတ်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သလို၊ အရပ်သား သေဆုံးမှု၊ ထိခိုက်ဒဏ်ရရာရှိမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အလားတူ ဗန်းမောက်မြို့နယ်၊ မြစ်သေးချင်းရွာအတွင်းရှိ နေအိမ်တွေကို KIA နဲ့ နောက်လိုက်အဖွဲ့တွေဟာ ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် မီးလောင်ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။