သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်တပ်က အလုံးစုံ ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် လက်ရှိမှာ စစ်ကော်မရှင်ရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ ကျောက်မဲမြို့ကို ပြန်လည်ဝင်ရောက်လာတာကို စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြကြပါတယ်။
စစ်တပ်က နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကျောက်မဲမြိုကို ထိုးစစ်ဆင်ခဲ့ပြီး ထန်းတပင်၊ နောင်ပိန်၊ ပင်တိန်၊ မက်မန်း၊ နားအိုက်ခန်းနဲ့ စခန်းသာရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ကာ မြို့ကိုတော့ အောက်တိုဘာ ၁ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။
ကျောက်မဲမြို့ကို ထိန်းချုပ်ပြီးနောက် စစ်ကော်မရှင် ဝန်ထမ်းတွေဟာ ဒီနေ့ အောက်တိုဘာ ၂ရက်မှာ ကျောက်မဲမြို့သို့ ယာဉ်တန်းတွေနဲ့ ဝင်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။