Home စီးပွားရေး ဗန်းမောက်အနောက်ခြမ်းမှာ ဆီတစ်ပေပါ သိန်း ၃၀ အထိ ဈေးနှုန်းမြင့်တက်နေ

ဗန်းမောက်အနောက်ခြမ်းမှာ ဆီတစ်ပေပါ သိန်း ၃၀ အထိ ဈေးနှုန်းမြင့်တက်နေ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အ‌နောက်ခြမ်းမှာ စက်သုံးဆီ တစ်ပေပါကို သိန်း ၃၀ ကျော်အထိ အဆမတန် ဈေးနှုန်း မြင့်တက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဗန်းမောက်မြို့အနောက်ခြမ်း ရွှေတော်ဆိပ်ကမ်းမှာ စက်သုံးဆီ တစ်ပေပါကို ၂၅ သိန်းကျော်၊ ပရီမီယံ စက်သုံးဆီ တစ်ပေပါကို သိန်း ၃၀ ကျော်၊ ဓာတ်ဆီတစ်ပေပါ သိန်း ၃၀ ကျော်အထိ ဈေးနှုန်းရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စားသောက်ကုန်ကားတွေ နဲ့ စက်သုံးဆီကားတွေဟာ လက်ရှိ မဲတော၊ ပန်းတောဘက်က ကျွန်းကုန်းကျေးရွာ နဲ့ ညှောင်ခြေထောက်ကျေးရွာတွေမှာ ပိတ်မိနေတယ်လို့လည်း ပြောပါတယ်။

ဒေသခံတစ်ဦးက “ဆီကားတွေရော၊ ကုန်ကားတွေရော ကျွန်းကုန်းနဲ့ ညောင်ခြေထောက်ဘက်ပိတ်နေတာ အဲမှာက ဆီတစ်ပေပါကို ၁၂ သိန်းပဲ ရှိတာတဲ့။ သူတို့က (KIA/PDF) မြို့အနောက်ခြမ်းဘက်ကို မပို့ခိုင်းဘူး။ ပို့ရင် ဖမ်းပြီး လိုင်ဇာပို့မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်” လို့ ပြောပါတယ်။

related posts

Leave a Comment