10
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကုန်သွယ်ရေးနဲ့ သက်ဆိုင်တဲ့ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
အဆိုပါ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ ပေးပို့တဲ့ သဝဏ်လွှာနဲ့ ပတ်သက်ပြီး အကြောင်းအရာ အပြည့်အစုံကို စစ်တပ်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။