စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နဲ့ ဗန်းမောက်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ချောင်းကြီးချောင်းရေဟာ မိုးရွာသွန်းမှုကြောင့် ချောင်းရေတွေမြင့်တက်လာတဲ့အတွက် ကုန်သွယ်မှု လုပ်ဆောင်ရာမှာ ပိုမိုအဆင်ပြေလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် ဟုမ္မလင်းမြို့နယ်မှာ စက်သုံးဆီအပါအဝင် အခြေခံစားသောက် ကုန်ဈေးနှုန်းတွေ အဆမတန် ဈေးပေးပြီး ဝယ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ ဟုမ္မလင်းမြို့နယ်ရဲ့ ကုန်စည်ပို့ဆောင်မှုဟာ ဗန်းမောက် – ဟုမ္မလင်းကြားက ချောင်းကြီးချောင်းကို အဓိကထား အားကိုးနေရသလို လေကြောင်းနဲ့ ကုန်စည်ကူးသန်းမှုတွေလည်း လုပ်ဆောင်ကြတယ်လို့ ဆိုပါတယ်။
ချောင်းရေကြီးလာလို့ ကုန်သွယ်မှုအဆင်ပြေလာပေမယ့် ရေစီးသန်တာကြောင့် စက်လှေတွေ နစ်မြှပ်မှု အန္တရာယ်နဲ့လည်း ကြုံတွေ့ကြရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။