ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ရှမ်းနီလူငယ်တွေ စုပေါင်း၍ ရှမ်းနီအမျိုးသားနေ့ အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ခတ္တိယဟုမ္မလင်းကျောင်းတိုက်မှာ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ (၄၉၉) နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နမ့်တောမြို့၊ သက္ကယ်တောင်ကျေးရွာ၊ ဗန်းမောက်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ် အုန်းစံဆိုင်ရွာ၊ ဝိုင်းမော်၊ မြစ်ကြီးနား၊ မန္တလေးမြို့တို့မှာလည်း ရှမ်းနီအမျိုးသားနေ့ကို ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အလားတူ ဒေသအသီးသီးမှာ ရောက်ရှိနေကြတဲ့ ရှမ်းနီလူငယ်တွေကလည်း ရှမ်းနီအမျိုးသားနေ့အထိမ်းအမှတ်အနေဖြင့် ဆွမ်းကပ်လှူဒါန်းမှုတွေ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


