Home သတင်းဓာတ်ပုံ SNA မှ နမ့်တောမြို့အတွက် အမှိုက်သိမ်းကားတစ်စီး လှူဒါန်း

SNA မှ နမ့်တောမြို့အတွက် အမှိုက်သိမ်းကားတစ်စီး လှူဒါန်း

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နမ့်တောမြို့အတွက် အမှိုက်သိမ်းကားတစ်စီးကို ရှမ်းနီအမျိုးသားများ တပ်မတော် – SNA မှ မနေ့က ဒီဇင်ဘာ ၂၉ ရက်နေ့မှာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

နမ့်တောမြို့ အုပ်ချုပ်ရေးမှူးရုံးမှာ SNA တပ်မဟာ ၇၅၃ မှ တာဝန်ရှိပုဂ္ဂိုလ်တွေမှ နမ့်တော ရပ်မိရပ်ဖ နဲ့ အုပ်ချုပ်ရေးမှူးထံ ပေးအပ်လှူဒါန်းမှု ပြလုပ်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း ရှမ်းနီအမျိုးသားများ တပ်မတော် – SNA ရဲ့ တပ်မဟာ ၇၅၃ က တာဝန်ယူ၍ နောင်မကျိုင်းတံတားကို ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

related posts

Leave a Comment