Home သတင်းဓာတ်ပုံ SNA တပ်မဟာ ၇၅၃ မှ ပြည်သူတို့ကို စပါးသိမ်းကူ

SNA တပ်မဟာ ၇၅၃ မှ ပြည်သူတို့ကို စပါးသိမ်းကူ

by Homeland Author

စစ်ကိုင်းတိုင်း‌ဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ပြည်သူလူထုတို့ရဲ့ ကောက်ကြီးစပါးသိမ်းချိန်မှာ ရှမ်းနီအမျိုးသားများ တပ်မတော် – SNA တပ်မဟာ ၇၅၃ မှ ရဲဘော်တွေဟာ ဝိုင်းဝန်းကူညီသိမ်းဆည်းပေးလျက်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်န့မှ စတင်ကာ ရိတ်သိမ်းလျက်ရှိတဲ့ ကောက်ကြီး စပါးရိတ်သိမ်းပွဲကို ဟုမ္မလင်းမြို့နယ် တပ်မဟာ ၇၅၃ နယ်မြေအတွင်းရှိ ကျေးရွာတွေမှာ ရဲဘော်တွေက ကူညီပေးနေတာလို့ ဆိုပါတယ်။

အခုကာလဟာ ဟုမ္မလင်းမြို့နယ်အတွင်း တောင်သူတို့ရဲ့ စပါးသိမ်းချိန်ဖြစ်ပြီး မပြီးမချင်း SNA ရဲဘော်တို့က ကူညီသွားမယ်လို့ သိရပါတယ်။

related posts

Leave a Comment