လာမယ့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ ကျရောက်မယ့် (၄၉၉) နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နမ့်တောမြို့၊ သက္ကယ်တောင်ကျေးရွာမှာ ရှမ်းနီအမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီ၊ ရှမ်းနီအမျိုးသားများပြည်နယ်မှ ဦးဆောင် ကျင်းပသွားမယ်လို့ သိရပါတယ်။ မတ်လ ၁၃ ရက် မနက် …
ဒေသတွင်းစစ်ရေးတင်းမာမှု လျှော့ချဖို့ ကတူးလူငယ်များအဖွဲ့ချုပ် တောင်းဆို
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ စစ်ရေးတင်းမာမှုတွေ လျှော့ချပေးဖို့ ကတူးလူငယ်များအဖွဲ့ချုပ်က မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။ ကတူးတိုင်းရင်းသားတွေဟာ လူနည်းစုတိုင်းရင်းသားတွေဖြစ်ကြပြီး လူမျိုးပျောက်ကွယ်လာနေတဲ့ အခြေနေကိုပင် မနည်းကျားကန်ထိန်းသိမ်းနေကြရတယ်လို့ ဒီကနေ့ မေလ ၁၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လက်ရှိမှာ ကတူးကျေးရွာတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးရဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် ကတူးတိုင်းရင်းသားတွေ ကိုယ်ထူကိုယ်ထနဲ့ တည်ဆောက်ထားတဲ့ ကျေးရွာခန်းမနဲ့ စာသင်ကျောင်းတွေလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ ကတူးလူထုမှာလည်း …