နောက်ဆုံး သတင်း

  • ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အမျိုးသမီးတစ်ဦးကို ရိုက်နှက်ပြီး ထိတ်တုံးခတ်ထားတဲ့ ရုပ်သံလူမှုကွန်ယက်မှာ ပျံ့နှံလာပါတယ်။ ဩဂုတ် ၂၉ ရက်နေ့ ညနေပိုင်းမှာ KIA မှ တပ်ရင်းမှူး ဗိုလ်မှူးလဖိုင်ဂျာလီအောင် ဆိုသူအပါအဝင် KIA တပ်သား နှစ်ဦးက လီဆူတိုင်းရင်းသူ အမျိုးသမီးကို ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။

    0 FacebookTwitterPinterestEmail
  • ရခိုင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေနဲ့ အကြီးအကဲတွေ ခွင့်ပြုချက်မရှိဘဲ သတင်းမီဒီယာတွေကို အင်တာဗျူး ဖြေဆိုခြင်း မပြုလုပ်ကြဖို့ အာရက္ခတပ်တော် (AA) က ညွှန်ကြားထားပါတယ်။ AA အနေဖြင့် အာရက္ခပြည်အလုံးစုံ လွတ်မြောက်ရေး နဲ့ ပြည်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်နေတာနဲ့အညီ ထုတ်ပြန်သင့်တဲ့ သတင်းအချက်အလက်တွေကို ပြည်သူတွေနဲ့ ပြင်ပမီဒီယာတွေကို အချိန်နဲ့ တပြေးညီ …

    0 FacebookTwitterPinterestEmail
  • သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ စစ်တပ်တို့ ဩဂုတ် ၂၈ ရက်က နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သျှမ်းပြည်အခြေစိုက် Hsan Loi Voice ဌာနက ဖော်ပြခဲ့ပါတယ်။ RCSS လှုပ်ရှားနယ်မြေအတွင်းသို့ မိုင်းယောင်းအခြေစိုက် ခမရ ၃၃၅ တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ အင်အား ၁၀၀ ခန့်တို့က ဝင်ရောက်စစ်ကြောင်းထိုးမှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ …

    0 FacebookTwitterPinterestEmail
  • စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ချင်းတွင်းမြစ်ကမ်း နဲ့ အနီး ပတ်ဝန်းကျင်မှာ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) တပ်ဖွဲ့က လှုပ်ရှားနေတဲ့ ရုပ်သံကို ဒီနေ့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ နာဂတပ်ဖွဲ့ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့တွေအပြင် ခန္တီး နဲ့ ဟုမ္မလင်းမြို့နယ်တွေမှာလည်း လှုပ်ရှားနေတယ်လို့ သိရပါတယ်။

    0 FacebookTwitterPinterestEmail
  • စစ်ရေးတွေကို အရှိန်အဟုန်မြှင့် ဖော်ဆောင်သွားနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနဟာ အထူးတိုင်းစစ်ဌာနကို ထပ်မံဖွဲ့စည်းလိုက်တယ်လို့ မနေ့က ဩဂုတ် ၂၇ ရက်မှာ ကြေညာပါတယ်။ NUG ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရှိ တပ်ရင်းတွေ၊ ဗျူဟာများကို စနစ်တကျ စုဖွဲ့မှု ပြုလုပ်ပြီး အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။ …

    0 FacebookTwitterPinterestEmail
  • ရှမ်းနီတိုင်းရင်းသူတစ်ဦးဖြစ်တဲ့ Florence Nightingale (ဖလော့ရင့်စ် နိုက်တင်ဂေးလ်)ဆုရှင် သားဖွားဆရာမကြီး ဒေါ်နန်းသိန်းရီ ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၂၆)ရက်၊ မနက် (၉း၃၀) နာရီမှာ အထက်ချင်းတွင်း ရှမ်းနီဒေသ၊ သမိုင်းဝင် သောင်သွပ်ရွာရှိ နေအိမ်မှာ ကွယ်လွန်အနိစ္စရောက်ကြောင်း ကြားသိရသဖြင့် မိမိတို့ ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအစည်းအရုံး(SNUA) က ကျန်ရစ်သူ မိသားစုနဲ့ထပ်တူ ကျေကွဲဝမ်းနည်းရကြောင်း သဝဏ်လွှာပေးပို့ထားပါတယ်။ သားဖွားဆရာမကြီး ဒေါ်နန်းသိန်းရီဟာ ၁၉၉၅ …

    0 FacebookTwitterPinterestEmail