ပလက်ဝမြို့နယ်မှာ အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစာဖြင့် သင်ကြားဖို့ ပြဋ္ဌာန်း၍ ဒေသခံပြည်သူအများစုရဲ့ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မသင်ကြားစေခြင်းအပေါ်ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (Global Khumi Organization) က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်တောင်ပိုင်းမှာ …
ဗန်းမော်မြို့နယ်အတွင်းမှာ စစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပူးပေါင်းမဟာမိတ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့နယ်အတွင်းက စင်းခန်းနဲ့ ဇင်းဘုံတို့မှာ တိုက်ပွဲပြင်းထန်နေကြောင်း၊ အဆိုပါ နေရာတွေမှာ ဆက်လက်ပြီး တိုက်ပွဲပြင်းထန်နိုင်ကြောင်း စစ်ဘက်ရေးရာ ဝေဖန်သုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ “အခု ဗန်းမော်တပ်နယ်ထဲကို ဝင်သွားတာ အင်အား ၆၀၀ လောက်ရှိတယ်လို့ ကျနော်တို့ ထောက်လှမ်းသိရှိရပါတယ်။ အခုလက်ရှိ …