ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ/ ကူကီးပြည်သူ့စည်းလုံးညီညွတ်ရေးတပ်မတော် (UKSC/UKSA) က ရှမ်းနီနဲ့ နိုင်ငံရေးနည်းလမ်းဖြင့် ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းသွားဖို့ ကတိကဝတ်ပြုတယ်လို့ ဒီနေ့ ဇွန်လ ၇ ရက်မှာ သဘောထားထုတ်ပြန်ပါတယ်။ ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ အနေဖြင့် အကြမ်းဖက်မှုတွေကို မလိုလားသည်နဲ့အညီ ပဋိပက္ခတွေကို နိုင်ငံရေးစကားဝိုင်းမှတဆင့် ဖြေရှင်းဖို့ အမြဲတမ်း အသင့်ရှိတယ်လို့ ဆိုပါတယ်။ “နိုင်ငံတော်အစိုးရ၊ …
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် စန်ဆိုင်းမြို့နယ်မှာ ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရှမ်းလူငယ်တဦး သေဆုံးသွားတာကြောင့် သေဆုံးသူရဲ့ မိသားစုဝင်တွေကို အမြန်ဆုံး ဆက်သွယ်ပေးဖို့ ကယ်ဆယ်ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။ မနေ့က ဇွန်လ ၂ ရက်နေ့ ည ၁၀ နာရီကျော်ခန့်က ချင်းမိုင် – ဖရောင်လမ်း အမှတ် (၁၀၀၁) လမ်းမကြီးပေါ် မဲဖက်ကျေးရွာအုပ်စု စန်ဆိုင်းမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကနဦးစစ်ဆေးချက်တွေအရ …