မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ လုံးတုံကျေးရွာအနီးမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့အကြား ဒီနေ့ ဇူလိုင် ၁၆ ရက် မနက် ၃ နာရီဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ အဆိုပါ လုံးတုံတိုက်ပွဲအတွင်း လက်နက်ငယ်၊ လက်နက်ကြီးပစ်ခတ်သံတွေကို ကြားနေရပြီး အသေးစိတ်အခြေအနေကိုတော့ …
ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသက ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့ ဦးဆောင်သူ အပါအဝင် ဒေသခံ ၄ ဦးကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ဘက်ကလည်း မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာက ကချင်သင်းအုပ်ဆရာတွေအပါအဝင် ၃၀ ခန့်ကို ပြန်ပြီးဖမ်းဆီးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း …