ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ/ ကူကီးပြည်သူ့စည်းလုံးညီညွတ်ရေးတပ်မတော် (UKSC/UKSA) က ရှမ်းနီနဲ့ နိုင်ငံရေးနည်းလမ်းဖြင့် ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းသွားဖို့ ကတိကဝတ်ပြုတယ်လို့ ဒီနေ့ ဇွန်လ ၇ ရက်မှာ သဘောထားထုတ်ပြန်ပါတယ်။ ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ အနေဖြင့် အကြမ်းဖက်မှုတွေကို မလိုလားသည်နဲ့အညီ ပဋိပက္ခတွေကို နိုင်ငံရေးစကားဝိုင်းမှတဆင့် ဖြေရှင်းဖို့ အမြဲတမ်း အသင့်ရှိတယ်လို့ ဆိုပါတယ်။ “နိုင်ငံတော်အစိုးရ၊ …
စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ဂွေးတောက်ကုန်းကျေးရွာအုပ်စု တီလောင်ကျေးရွာအနီးမှာရှိတဲ့ KIA လက်အောက်ခံ HPDF 124 အဖွဲ့ရဲ့ တပ်စခန်း ၅ ခုကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ဇွန်လ ၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ SNA တပ်မဟာ ၈၉၁၊ တပ်ရင်း (၂) အခြေစိုက်ထားတဲ့ တီလောင်တပ်စခန်းရဲ့ တောင်ဘက်ကို …