Home နိုင်ငံတကာ ဘန်ကောက်မြို့ပစ်ခတ်မှု ၅ ဦး သေဆုံး၊ သေနတ်သမား မိမိကိုယ်ကို အဆုံးစီရင်

ဘန်ကောက်မြို့ပစ်ခတ်မှု ၅ ဦး သေဆုံး၊ သေနတ်သမား မိမိကိုယ်ကို အဆုံးစီရင်

by Homeland Author

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချက်တူချက်ဈေးကြီးနားက အော်တော်ပေါ် စျေးအနီးမှ ဒီကနေ့ နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လုံခြုံ‌ရေးဝန်ထမ်းလေးဦး၊ ဈေးသည်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မကြာမှီမှာပဲ သေနတ်သမားဟာ သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်လို့ သတင်းတွေအရ သိရပါတယ်။

သေနတ်သမားဟာ နခွန်ရတ်ချာစီမာပြည်နယ်မှာ နေထိုင်သူဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပြီး နာမည်ကတော့ မစ္စတာနွိုင်ဆိုသူဖြစ်ကာအဲဒီဈေးရဲ့ လုံခြုံရေးဝန်ထမ်းဟောင်းဖြစ်တယ်လို့ ဆိုပါတယ်။

ပျံ့နှံ့လာတဲ့ ရုပ်သံတွေအရ ပစ်ခတ်မှုဟာ အဆိုပါ စျေးက ကားပါကင်နေရာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးနေတဲ့ လုံခြုံရေးဝန်ထမ်းတွေကို တွေ့ရပါတယ်။

အဆိုပါ ဘန်ကောက်မြို့ ပစ်‌ခတ်မှုဖြစ်စဉ်မှာ သေနတ်သမားအပါအဝင် သေဆုံးသူခြောက်ဦးအထိ ရှိခဲ့ပါတယ်။

related posts

Leave a Comment