Home » ကချင်၊ ချင်း၊ ရခိုင်သို့ စက်သုံးဆီပို့မယ်ဆိုရင် ခွင့်ပြုချက်ပါမှ ဖြတ်သန်းခွင့်ပြုမယ်လို့ NUG ပြော

ကချင်၊ ချင်း၊ ရခိုင်သို့ စက်သုံးဆီပို့မယ်ဆိုရင် ခွင့်ပြုချက်ပါမှ ဖြတ်သန်းခွင့်ပြုမယ်လို့ NUG ပြော

by Homeland Author

ကချင်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်တွေကို စက်သုံးဆီတွေကို တိုင်း/ဖက်ဒရယ်ယူနစ်နယ်မြေတွေကို ဖြတ်သန်းသယ်ဆောင်မယ်ဆိုပါက မဟာမိတ်အဖွဲ့အစည်းတွေအနေနဲ့ NUG နဲ့ ညှိနှိုင်းပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဖြတ်သန်းခွင့်ပါမှ ဖြတ်သန်းခွင့်ပြုမယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီ လမ်းညွှန်ချက် ထုတ်ပြန်တဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှစ၍ မြို့နယ် အခွန် ဒဏ်ကြေးကောက်ခံတဲ့ ဂိတ်တွေအနေဖြင့် တိတိကျကျလိုက်နာပြီး အကောင်အထည်ဖော်ဆောင်ရမယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းမှ နိုင်ငံတကာသို့ရေနံတင်သွင်းမှု ရပ်ဆိုင်းနေသဖြင့် နိုင်ငံအသီးသီးမှာ စက်သုံးဆီတွေ နဲ့ ပတ်သက်ပြီး အကြပ်အတည်း ဖြစ်ပေါ်နေတာကြောင့် ပြည်သူလူထုအတွက် နိုင်ငံတော်အဆင့်မှ မူဝါဒချမှတ်၍ ထိန်းကြောင်းနေကြရချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် NUG ထိန်းချုပ်နယ်မြေတွေမှာ သက်ဆိုင်ရာ တိုင်း/ဖက်ဒရယ်ယူနစ်အတွင်းသို့ စက်သုံးဆီ အဝင်ကိုသာ ခွင့်ပြုပြီး တိုင်း/ဖက်ဒရယ်ယူနစ် ဖြတ်ကျော် ဖြတ်သန်းမှုတွေကို နောက်ထပ် ညွှန်ကြားချက် မထွက်ရှိသရွေ့ လုံးဝ(လုံးဝ) ခွင့်မပြုဖို့ ညွှန်ကြားလိုက်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း နိုင်ငံတဝှမ်းမှာ စက်သုံးဆီတွေ ဈေးနှုန်းအဆမတန် မြှင့်တက်လျက်ရှိနေပြီး အကန့်အသတ်ဖြင့်သာ ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။

related posts

Leave a Comment