Home စီးပွားရေး KIA၊ UWSA နဲ့ NDAA တို့ တရုတ်ထံ မြေရှားတင်ပို့မှု ကိုးလအတွင်း ကန်ဒေါ်လာသန်း ၆၀၀ ကျော်ရှိ

KIA၊ UWSA နဲ့ NDAA တို့ တရုတ်ထံ မြေရှားတင်ပို့မှု ကိုးလအတွင်း ကန်ဒေါ်လာသန်း ၆၀၀ ကျော်ရှိ

by Homeland Author

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) နဲ့ တရုတ်ကုမ္ပဏီတွေ ၂၀၂၅ ခုနှစ် ကိုးလအတွင်း တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှု အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ရှိခဲ့တယ်လို့ ISP Myanmar က ဖော်ပြပါတယ်။

ကမ္ဘာ့မြေရှားတူးဖော်မှုမှာ မြန်မာနိုင်ငံက အဓိကပါဝင်သူအဖြစ် ဆက်ရှိနေပြီး၂၀၂၄ ခုနှစ် စာရင်းများအရ ကမ္ဘာ့မြေရှားထုတ်လုပ်မှုမှာ တရုတ်နိုင်ငံက ၆၁ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး မြန်မာနိုင်ငံက ၁၆ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိနေတယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကိုးလအတွင်း မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှု လျော့ကျခဲ့သော်လည်း တည်ငြိမ်စိတ်ချရတဲ့ မြေရှားထောက်ပံ့ရေးကွင်းဆက်ကို တရုတ်နိုင်ငံက ရှာဖွေနေတာကြောင့် မြန်မာနိုင်ငံမှာ မြေရှားတူးဖော်မှု ပိုများလာနိုင်တယ်လို့ ISP Myanmar က ဖော်ပြပါတယ်။

အဲဒီ ကိုးလအတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၂၄ သန်း (တန်ချိန် ၂၈,၀၀၀ ကျော်)ရှိခဲ့ပြီး အရင်နှစ်နဲ့ ကာလတူနှိုင်းယှဉ်ပါက ဒေါ်လာ သန်း ၁၀၀ (တန်ချိန် ၁၀,၀၀၀ ကျော်) လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။

ဓာတုအရည်ဖျော်ကန်များ

KIA ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်လေးခုကို တရုတ်အစိုးရက ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်မှာ ပြန်ဖွင့်ခဲ့ပြီး KIA နှင့် ညှိနှိုင်းမှုတစုံတရာမရှိဘဲ ပြန်ဖွင့်ခဲ့ခြင်းမှာ တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှုလျော့ကျနေချိန်နဲ့လည်း တိုက်ဆိုင်နေတယ်လို့ ဆိုပါတယ်။

မြေရှားရယူနိုင်ရေးအတွက် အိန္ဒိယ နဲ့ အခြားနိုင်ငံတွေကလည်း ကြိုးပမ်းနေပြီး ၂၀၂၅ ခုနှစ် ကိုးလအတွင်း တရုတ်နိုင်ငံသို့ ပြည်ပက မြေရှားတင်သွင်းမှုပမာဏ တန်ချိန် ၅၂,၀၀၀ ကျော်အနက် ၅၃ ရာခိုင်နှုန်း (တန်ချိန် ၂၈,၀၀၀ ကျော်)မှာ မြန်မာနိုင်ငံကနေတင်သွင်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

UWSA ထိန်းချုပ်ဒေသ မိုင်းယွန်း၊ မိုင်းပေါက် နဲ့ NDAA ထိန်းချုပ်ဒေသ မိုင်းယောင်းမြို့နယ်တို့မှာ အခုနှစ်ဆန်းပိုင်းအတွင်း မြေရှားလုပ်ကွက် ၂၀ ထက်မနည်းတိုးလာပြီး တဖက်မှာလည်း သဘာဝ ပတ်ဝန်းကျင် နဲ့ လူမှုစီးပွားထိခိုက်မှု ပိုများလာနိုင်တယ်လို့ ISP Myanmar က ဖော်ပြပါတယ်။

ဒါ့အပြင် နိုင်ငံဖြတ်ကျော် သက်ရောက်မှုတွေကြောင့် ထိုင်းကဲ့သို့ အိမ်နီးချင်းတွေကလည်း မြေရှားတူးဖော်တင်ပို့မှုတွေကို အလေးထားကိုင်တွယ်ဖို့ ပြင်ဆင်လာကြတယ်လို့ ဆိုပါတယ်။

အမေရိကန် ဒေါ်လာဘီလီယံချီ တန်ကြေးရှိတဲ့ မြေရှားလုပ်ကွက်တွေရှိရာ ချီဖွေ နဲ့ ပန်ဝါဒေသကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အလားတူ သျှမ်းပြည်အတွင်းရှိ မြေရှားသတ္ထုတူးဖော်နေတဲ့ ဒေသတွေကို UWSA နဲ့ NDAA တို့က ထိန်းချုပ်ထားပါတယ်။

related posts

Leave a Comment