အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) တို့ စစ်ရေး ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်လာပါတယ်။ မနေ့က ဖေဖော်ဝါရီလ (၂၇) ရက် နေ့လည် …
နိုင်ငံရေး
-
-
နိုင်ငံရေး
ထိန်းချုပ်နယ်မြေတွေ ပြန်မဆုံးရှုံးစေဖို့ အားလုံးမှာ တာဝန်ရှိဟု ချင်းအမျိုးသားနေ့သို့ AA သဝဏ်လွှာပို့
အာရက္ခတပ်တော် (ULA/AA) ဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှ စတင်ခဲ့တဲ့ စစ်ဆင်ရေးရလဒ်တွေ၊ အောင်မြင်မှုအသီးသီးအပွင့်တွေဟာ အာရက္ခဒေသ အတွင်း၊ အပြင်နဲ့ အိမ်နီးနားချင်းရှိ …
-
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ရဲ့ စတုတ္ထအကြိမ်မြောက် ကောင်စီကွန်ဂရက်မှာ တက်ရောက်လာကြတဲ့ ပုဂ္ဂိလ်တွေက ဗိုလ်ချုပ်ကြီး ယွက်စစ်ကို RCSS ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်တင်မြောက်ခဲ့တယ်လို့ သိရပါတယ်။ RCSS ရဲ့ …
-
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့မှ ခေါင်းဆောင် ဗိုလ်နဂါးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ စစ်တပ်ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီနေ့ ညနေ …
-
ဒေသခံအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ဆိုပြီး စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွင်းက PDF တွေကို အရပ်သား တွေက ဖေဖော်ဝါရီ ၁၅ ရက် နဲ့ ၁၆ ရက်တို့မှာ …
-
ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖမ်းဆီးထားတဲ့ ဝမ်စယ်ပြည်သူ ၅ ဦးကို ချက်ချင်းလွှတ်ပေးဖို့ သျှမ်းအရပ်ဖက်အဖွဲ့အစည်း (၁၁) ဖွဲ့က ထပ်မံတောင်းဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ …
-
ရှမ်းနီတို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့အကြား နယ်မြေအငြင်းပွားမှုတွေကြောင့် စစ်ကိုင်း နဲ့ ကချင်မှာ တိုက်ပွဲတွေ …
-
လက်ရှိ စစ်တပ် နဲ့ အပစ်ရပ်ထားတဲ့ တအာင်းတပ်ဖွဲ့ (TNLA) ဟာ သျှမ်းမြောက်ရှိ မြို့အချို့ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး ယန္တရားတွေ လည်ပတ်နိုင်ရေး လုပ်ဆောင်လျက်ရှိနေပါတယ်။ တအာင်း …
-
ကတူးလူမျိုးအမည်ခံ၍ လှုပ်ရှားနေကြတဲ့ အချို့အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်တွေဟာ ကတူးတမျိုးသားလုံး နဲ့ သက်ဆိုင်မှု မရှိဘူးလို့ ကတူးအရပ်ဖက်အဖွဲ့အစည်း ၃ ဖွဲ့မှ ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်လာပါတယ်။ အဲဒီ ထုတ်ပြန်ချက်ကိုတော့ ကတူးရဟန်းတော်များအဖွဲ့၊ ကတူးစာပေပေါ်ပေါက်ရေးကော်မတီ (ကတူးအမျိုးသားအဖွဲ့) နဲ့ ကတူးလူငယ်များအဖွဲ့ချုပ်တို့က ပူးတွဲ ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ကတူးလူမျိုးအမည်ခံ၍ လှုပ်ရှားနေကြတဲ့ အချို့အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်တွေဟာ ကတူးတစ်မျိုးသားလုံးနဲ့ သက်ဆိုင်မှုမရှိဘဲ ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းနဲ့သာ သက်ဆိုင်ကြောင်း သဘောထားထုတ်ပြန်ပါတယ်။ ဒါ့အပြင် ကတူးလူငယ်တွေကို အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေကြတဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ၍ သမိုင်းမှတ်တမ်းတင်ထားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကတူးအရပ်ဘက်အဖွဲ့အစည်းတွေအနေဖြင့် ၂၀၁၉ ခုနှစ်မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ကတူးအမျိုးသားအဖွဲ့ရဲ့ နဂိုမူလ ဖွဲ့စည်းပုံ၊ မူဝါဒတွေကိုသာ လက်ခံ၍ စာပေ နဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ တော်လှန်ရေးအင်အားစုအချို့ နဲ့ ကဒူးတိုင်းရင်းသားတွေပါဝင်တဲ့ ကဒူးတိုင်းရင်းသားညီလာခံကို ကျင်းပပြီး ကဒူးအမျိုးသားဖွဲ့စည်းပုံကို အတည်ပြုနိုင်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ သို့သော်လည်း အဲဒီ ညီလာခံကို ဗန်းမောက်အနောက်ပိုင်းရှိ ကဒူးကျေးရွာ ၁၂ ရွာ နဲ့ ကသာမြို့နယ်မှ ကဒူးကျေးရွာတွေ တက်ရောက်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်၊ အင်းတော်၊ ပင်လည်ဘူးတို့မှာ ကတူးအမည်ခံ၍ ကတူးဒေသကာကွယ်ရေးတပ်ဖွဲ့ (ကဒူးအာမီ) ကို ဖွဲ့စည်းလှုပ်ရှားနေသလို တခြားသော အင်အားစုတွေနဲ့ ပူးပေါင်း၍ လှုပ်ရှားနေတဲ့ ကတူးနိုင်ငံရေးအဖွဲ့အစည်းလည်း ရှိနေတယ်လို့ သိရပါတယ်။
-
အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ချင်းပြည်နယ်၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ AA …