Home စစ်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာပါဝင်ဖို့ မွန်လူထုကို NMSP-AD တိုက်တွန်း

အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာပါဝင်ဖို့ မွန်လူထုကို NMSP-AD တိုက်တွန်း

by Homeland Author

ပြည်တွင်း၊ ပြည်ပရှိ မွန်အမျိုးသားတွေအားလုံး အမျိုးသားရေး တာဝန်အသိစိတ်နဲ့ မွန်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲမှာ ကျရာကဏ္ဍ၊ နိုင်ရာဝန်မှ ကိုယ်စီပါဝင်ဖို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က တိုက်တွန်းပါတယ်။

ဒီကနေ့ တပို့တွဲလပြည့်ကျော် ၁ ရက်မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

မွန်အမျိုးသားတွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အခွင့်အရေးကို မွန်လူမျိုးတွေ တိုက်ပွဲဝင်မှသာ ရရှိနိုင်မျာဖြစ်ကြောင်း၊ အဲဒီလို တိုက်ပွဲဝင်ရာမှာ မွန်တစ်မျိုးသားလုံး ပူးပေါင်းပါဝင်နိုင်မှသာ အောင်ပွဲကို အမြန်ဆွတ်ခူးနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ကြောင်း ဆိုပါတယ်။

NMSP-AD အနေနဲ့ မွန်တော်လှန်ရေးအဖွဲ့အစည်းတွေ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တော်လှန်ရေးအရှိန် မြင့်တင်သွားမှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

အချုပ်အခြာအာဏာ (၃) ရပ်နဲ့ ပြည့်စုံတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်တည်ဆောက်နိုင်ရေး အတွက် ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေနဲ့ သော်လည်းကောင်း၊ ဘဝတူ တိုင်းရင်းသား လူမျိုးတွေနဲ့ သော်လည်းကောင်း ပူးပေါင်းပြီး တိုက်ပွဲ ဝင်သွားမယ်လို့ ဆိုပါတယ်။

related posts

Leave a Comment