Home မူးယစ်ဆေးဝါး မူးယစ်ဆေးဝါး ရောင်းသူ ၄ ဦးနဲ့ သုံးစွဲသူ ၃ ဦးကို TNLA ဖမ်းဆီး

မူးယစ်ဆေးဝါး ရောင်းသူ ၄ ဦးနဲ့ သုံးစွဲသူ ၃ ဦးကို TNLA ဖမ်းဆီး

by Homeland Author

မိုးကုတ်မြို့မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဖွဲ့စည်းထားတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄)ဦးနဲ့ သုံးစွဲသူ (၃)ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၂၆ ရက် ည ၁၀ နာရီခွဲအချိန်မှာ မြို့နယ်ရဲတပ်ဖွဲ့တို့မှ မိုးကုတ်မြို့အတွင်း ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် ကျော်နိုင်လင်း၊ အောင်မင်းထွေး၊ ဒေါ်သဲမာနဲ့ ဒေါ်ဌေးဌေးမြင့်တို့ထံမှ ယာမဆေးပြား ၃၁၀ ပြားနဲ့ ၂ ပတ်ပြားပုလင်း ၃ ပုံ ၁ ပုံခန့်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်တဲ့ ကျော်ခိုင်ထွန်း၊ အောင်နိုင်ထွန်းနဲ့ ဇော်မင်းထွန်းတို့ကို TNLA ရဲတပ်ဖွဲ့မှ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိထားတဲ့ ၎င်းတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေလ ၂၄ ရက်မှာလည်း မိုးကုတ်မြို့မှာ TNLA ရဲ့ မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ ၃ ဦးနဲ့ သုံးစွဲသူ ၅ ဦးတို့ကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment