Home အမျိုးသမီးကဏ္ဍ ဂျဲန်ဒါ၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အကြံပြုချက်ထုတ်ပြန်

ဂျဲန်ဒါ၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အကြံပြုချက်ထုတ်ပြန်

by Homeland Author

မြန်မာနိုင်ငံရှိ ဂျဲန်ဒါ၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာအကြံပြု ထုတ်ပြန်ချက်ကို အမျိုးသမီးအခွင့်အရေး နဲ့ LGBTQIA+ အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၄၀ မှ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အကြုံပြုချက်မှာ ကာလရှည်ကြာပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုဒဏ်ခံနေရတဲ့ အမျိုးသမီးတွေ၊ ဂျဲန်ဒါ ခံယူမှု ကွဲပြားစုံလင်သူတွေနဲ့ ခြားနားသန်စွမ်းသူတွေအပါအဝင် လူ့အဖွဲ့အစည်းမှာ မသိကျိုးကျွန်ပြုခံရသူတွေရဲ့ အသံကို မြှင့်တင်ဖို့နဲ့ ၎င်းတို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဦးလည်မသုန် ကြိုးပမ်းမှုတွေကို မှတ်တမ်းတင်ဖို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့တကွ ဒေသတန္တရ အစိုးရတို့အနေနဲ့ အုပ်ချုပ်မှုမူဝါဒတွေမှာ ဂျဲန်ဒါ၊ အမျိုးသမီးနဲ့ လုံခြုံရေးဆိုင်ရာ မူတွေကို ထည့်သွင်းကျင့်သုံးဖို့၊ စွမ်းဆောင်ရည်မြှင့်အစီစဉ်တွေ ဆောင်ရွက်ပေးဖြင့် သက်ဆိုင်ရာဝန်ထမ်းတွေရဲ့ ဂျဲန်ဒါ၊ အမျိုးသမီး၊ ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးဆိုင်ရာ သဘောတရားတွေကို ပိုမိုနားလည်လာစေပြီး အကောင်အထည်ဖော်မှု ကတိကဝတ်တွေ မြင့်တင်လာစေဖို့ တိုက်တွန်းထားပါတယ်။

ပဋိပက္ခနှင့်ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု နဲ့ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုမှ လွတ်မြောက်လာသူတွေအတွက် ဝန်ဆောင်မှုတွေ အကောင်အထည်ဖော်တာ၊ သတင်းအချက်အလက် မျှဝေတာနဲ့ သိမြင်နားလည်မှုတွေ ဖလှယ်တာတို့ ဌာအချင်းချင်းပုံမှန်ဆောင်ရွက်ဖို့၊ အရေးပေါ် အထောက်အပံ့တွေ၊ ပြန်လည်ကုစားရေး အစီအစဉ်တွေမှာ ဂျဲန်ဒါအမြင် ထည့်သွင်းစဉ်းစားမှုရှိပြီး ရေရှည်တည်တံ့ဖို့ ဆိုပါတယ်။

ဒါ့အပြင် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုနဲ့ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် တုံ့ပြန်ရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပပျောက်ရေးအတွက် ဒေသခံအဖွဲ့အစည်းတွေ၊ အမျိုးသမီးအခွင့်အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ ဝန်ဆောင်မှုပေးနေသူတို့နဲ့ ပုံမှန်ညှိနှိုင်းဖို့ တိုက်တွန်းထားပါတယ်။

ဆုံးဖြတ်ချက်ချမှတ်တဲ့ အဆင့်တိုင်းမှာ အမျိုးသမီးတွေ အဓိပ္ပါယ်ရှိစွာပါဝင်မှု မြင့်မားလာစေရေး ပြည့်စုံပြီး လက်တွေ့ကျတဲ့ အစီအမံတွေ ကျင့်သုံးဖို့၊ အမျိုးသမီး၊ မိန်းကလေး နဲ့ လျစ်လျူရှုခံထားရသူတွေကို အကာအကွယ်ပေးပြီး ထိရောက်တဲ့ ယန္တယားတွေ၊ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ဖို့ တိုက်တွန်းထားပါတယ်။

အာဆီယံအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတို့က အမျိုးသမီးနဲ့ လျစ်လျူရှုခံရသူတို့ရဲ့ အသံတွေကို နားထောင်ပြီး ပဋိပက္ခနဲ့ အကြမ်းဖက်ခံရသူတွေအတွက် ခိုင်မာအားကောင်းတဲ့ ထောက်ပံ့ရေး အစီအစဉ်တွေ ဆောင်ရွက်ကြဖို့ ဆိုပါတယ်။

related posts

Leave a Comment