Home အနုပညာ ရှမ်းမြောက်စစ်ဘေးရှောင်တွေအတွက် ရန်ပုံငွေဖျော်ဖြေပွဲ ကျင်းပမည်

ရှမ်းမြောက်စစ်ဘေးရှောင်တွေအတွက် ရန်ပုံငွေဖျော်ဖြေပွဲ ကျင်းပမည်

by Homeland Author

ရှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင်ပြည်သူတွေအတွက် ရန်ပုံငွေကံစမ်းမဲဖွင့်ပွဲ နဲ့ ဂီတဖျော်ဖြေပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင်ပြည်သူတွေအတွက် ရန်ပုံငွေဖျော်ဖြေပွဲကို လာမယ့် နိုဝင်ဘာလ ၆ ရက် ကြာသပတေးနေ့မှာ ချင်းမိုင်မြို့ Trid Ring Road ပေါ်က နန်းသျှိုးစားသောက်ဆိုင်မှာ ပြန်လည်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ ဖျော်ဖြေပွဲကို “သနပ်ခါး”နဲ့ “ဖန်သားနန်းတော်”တို့ရဲ့ ပဲ့ကိုင်ရှင် Blackhole အဖွဲ့က တေးသံရှင်အစိုင်း၊ ပြည်သူဘက်က အနုပညာရှင် “ထျန်ခေး” နာမည်ကျော် သျှမ်းတေးသံရှင်တွေဖြစ်ကြတဲ့ နန်းဝမ်းလီ နဲ့ စိုင်းဆိုင်လိန် တို့က DM.CNX Band နဲ့ ပါဝင်ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ပုံငွေကံစမ်းမဲဖွင့်ပွဲ နဲ့ ဂီတဖျော်ဖြေပွဲကို အစားအသောက် Package ပါတဲ့ လူ ၄ ဦးစာ လက်မှတ်တစ်စောင်ကိုမှ 999 ထိုင်းဘတ်သာ ကျသင့်မှာမို့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီရင်း ဂီတသံစဥ်တွေကို နားဆင်ဖို့ TYHAC page မှာ Package တွေ လာရွေးရင်း အားပေးဖို့ ဖိတ်ခေါ်ထားပါတယ်။

related posts

Leave a Comment