Home သဘာဝဘေး ဟုမ္မလင်း၊ နောင်ဖွတ်မော်ရပ်ကွက်မှာ လူငယ် ၄ ဦး ရေနစ် သေဆုံး

ဟုမ္မလင်း၊ နောင်ဖွတ်မော်ရပ်ကွက်မှာ လူငယ် ၄ ဦး ရေနစ် သေဆုံး

by Homeland Author

စစ်ကိုင်းကိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့ နောင်ဖွတ်မော်ရပ်ကွက်မှာ မနေ့က မတ်လ ၄ ရက်နေ့ မနက်ပိုင်းမှာ ကျောင်းသား/ကျောင်းသူတွေ ရေဆင်းကူးရာမှ ၄ ဦး ရေနစ်ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့ရှိ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရပ်ကွက်နေပြည်သူတွေက ကူညီရှာဖွေကြသော်လည်း မတွေ့ရှိတော့တာကြောင့် အဆိုပါ လူငယ် ၄ ဦးဟာ သေဆုံးပြီဖြစ်ကြောင်း အတည်ပြုထားတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်မှာ ဟုမ္မလင်းမြို့ရှိ နာဂနှစ်ခြင်းအသင်းတော်မှ အသင်းဝင်တွေဖြစ်တဲ့ ကျောင်းသား/ကျောင်းသူ (၁၁) ဦးဟာ ချင်းတွင်းမြစ်ဆိပ်တခုမှာ ရေဆင်းကစားရာမှာ မတော်တဆ ရေနစ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်၍ အသေးစိတ်အခြေအနေတွေ သိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

related posts

Leave a Comment