Home သတင်းဓာတ်ပုံ ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့တဲ့ တံတားနှစ်စင်း SNA နဲ့ ပြည်သူတို့ ပြုပြင်

ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့တဲ့ တံတားနှစ်စင်း SNA နဲ့ ပြည်သူတို့ ပြုပြင်

by Homeland Author


(သတင်းဓါတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်နဲ့ ဗန်းမောက်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ချောင်းကြီးချောင်းရေဟာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီး ကျိုးကျခဲ့တဲ့ တံတား နှစ်စင်းကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့ ပြည်သူတို့ ပူးပေါင်းပြီး ပြန်လည်ပြုပြင်ခဲ့တယ်လို့ သိရပါတယ်။

ချောင်းကြီးချောင်း ရေကြီးရေလျှံမှုကြောင့် အရှေ့ကုန်းတံတားကုန်းဘောင် နဲ့ နောင်ယောနောင်စိန်တံတားတို့ ပျက်စီးခဲ့တာကြောင့် အချိန်မှီ ကူစည်ကူးသန်း သွားလာနိုင်ရေး SNA တပ်မဟာ ၆၁၄ ရှေ့တန်းရုံးအဖွဲ့သားတွေနဲ့ အရှ့ကုန်းပြည်သူ ရပ်မိရပ်ဖတို့ ပူးပေါင်း ပြုပြင်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၆ ရက်နေ့ ညပိုင်းမှ စတင်၍ ချောင်းကြီးချောင်း ရေကြီးရေလျှံမှုကြောင့် ကမ်းဘေးရှိ ကုန်စည်တွေကို အရေးပေါ် ရွေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

related posts

Leave a Comment