Home ရုပ်သံ ချောင်းကြီးချောင်း ရေကြီးနေပြီး ကုန်သွယ်မှုကို SNA က ယာယီပိတ်ထား

ချောင်းကြီးချောင်း ရေကြီးနေပြီး ကုန်သွယ်မှုကို SNA က ယာယီပိတ်ထား

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ် နဲ့ ဟုမ္မလင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ချောင်းကြီးချောင်းရေဟာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး ကုန်သွယ်မှုကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၆၁၄ က ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

မနေ့က ညပိုင်းမှာ စတင်၍ ချောင်းကြီးချောင်း ရေကြီးရေလျှံမှုကြောင့် ကမ်းဘေးရှိ ကုန်စည်တွေကို အရေးပေါ် ရွေ့ပြောင်းနေရပြီး SNA မှ အာဏာပိုင်အဖွဲ့အစည်းကလည်း ကူညီမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မိုးတွင်းကာလမှာ ချောင်းကြီးချောင်းကို အဓိကထား ကုန်သွယ်ရသော်လည်း ရေစီးသန်တာကြောင့် စက်လှေတွေ နစ်မြှပ်မှု အန္တရာယ်နဲ့လည်း ကြုံတွေ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ဟုမ္မလင်းရဲ့အဓိကကုန်စည်နဲ့ စက်သုံးဆီတွေ ကူးသန်းရောင်းဝယ်ရေးအတွက် အရေးပါ စက်လှေတွေ တိမ်းမှောက်ခြင်း မရှိစေရေးအတွက် SNA တပ်မဟာ ၆၁၄ က ယာယီ ပိတ်ထားလို့ ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်ရဲ့ ကုန်စည်ပို့ဆောင်မှုဟာ ဗန်းမောက် – ဟုမ္မလင်းကြားက ချောင်းကြီးချောင်းကို အဓိကထား အားကိုးနေရသလို လေကြောင်းနဲ့ ကုန်စည်ကူးသန်းမှုတွေလည်း လုပ်ဆောင်ကြတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment