စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆွမ္မရာ-လေရှီးသွားလမ်းတချို့ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပျက်စီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသအာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
ဆွမ္မရာ-လေရှီးသွားလမ်းတစ်လျှောက်ရှိ လမ်းတစ်ချို့ မြေပြိုပျက်ဆီးတာ၊ မိုးရေစီးဆင်းမှုကြောင့် လမ်းပျက်စီးတာ နဲ့ သစ်ပင်တွေ လဲပြီး လမ်းပျက်ဆီးမှုကြောင့် ဆွမ္မရာမှ လေရှီးသို့ ရုံးလုပ်ငန်းဆောင်ရွက်ဖို့ သွားလာရတဲ့ ရုံးဝန်ထမ်းတွေ၊ ခရီးသွားပြည်သူတွေ ခက်ခက်ခဲခဲသွားလာနေကြရတယ်လို့ ဆိုပါတယ်။
မိုးတွင်းကာလ နာဂဒေသ နန်းယွန်း၊ လေရှီး၊ ဆွမ္မရာမြို့တို့မှာ မြေပြိုကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေမှုတွေ ဖြစ်ပေါနေကြောင်း ဒေသခံတွေက ပြောပါတယ်။
လမ်းပိုင်း ပျက်စီးနေတာကြောင့် နာဂဒေသအတွက် အခြေခံ စားသောက်ကုန်၊ လူသုံးကုန် နဲ့ အခြားကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။


