20














စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ် သောင်သွပ်စံပြကျေးရွာရှိ ရှမ်းစော်ဘွားတည်ထားကိုးကွယ်ခဲ့တဲ့ သမိုင်းဝင်အမွေအနှစ် သိမ်တော်ကြီး လေပြင်း တိုက်၍ မေလ ၉ရက်နေ့က ပြိုကျပျက်စီးသွားပြီလို့ သိရပါတယ်။
ရှမ်းစော်ဘွားကြီး စဝ်နေခမ်းတည်ထားကိုးကွယ်ခဲ့တဲ့ သမိုင်းဝင်အမွေအနှစ် သိမ်တော်ဟာ မြန်မာသက္ကရာဇ် ၁၂၅၁ ခုနှစ်က တည်ထားခဲ့တာပြီး နှစ်ပေါင်း ၁၃၀ ကျော်အကြာမှာ ပြိုကျပျက်စီးသွားတာပဲဖြစ်ပါတယ်။
သောင်သွပ်စံပြကျေးရွာမှာ ရှမ်းစော်ဘွားတွေ တည်ထားခဲ့တဲ့ သမိုင်းဝင်အမွေအနှစ်တွေများစွာ ရှိခဲ့ပေမယ့် တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းလာတာကြောင့် ပျက်စီးမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။













